ဖိုဒန်ရဲ့ သွင်းဂိုး ပယ်ဖျက်ခံရတာ မဖြစ်သင့်ကြောင်း ဘာနာဒို ထောက်ပြ၊ အန်းဖီးကွင်းမို့ပါဆိုတဲ့ ဂွာဒီယိုလာ
မနေ့ညက လီဗာပူးကို အရေးနိမ့်ခဲ့ တဲ့ပွဲမှာ VAR ကြောင့် ဖီး ဖိုဒန်ရဲ့ အဖွင့်ဂိုး ပယ်ဖျက်ခံခဲ့ရတဲ့ အပေါ် စီးတီး ကွင်းလယ်သမား ဘာနာဒိုဆေးဗားက ဒိုင်လူကြီးတွေအား ဝေဖန်ပြောဆိုလိုက်ပါတယ်။
လီဗာပူးဟာ ဆာလာရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့အတူ အန်ဖီးမှာ အနိုင်ယူခဲ့ပြီး မန်စီးတီးရဲ့ ဒီရာသီ ရှုံးပွဲ မရှိ မှတ်တမ်းကို အဆုံးသတ် စေခဲ့တာပါ။
ပွဲချိန် ၅၃မိနစ်မှာ ဖိုဒန်ဟာ စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့်လဲ ကစားကွက်တည်ဆောက်မှုမှာ ဟာလန်းက ဖာဘင်ညိုအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ VARက ဆုံးဖြတ်ခဲ့ပြီး အဲ့ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။
ဒီဆူံးဖြတ်ချက်ကြောင့် စီးတီးအသင်း ဒေါသဖြစ်ခဲ့ရပြီး ပွဲအပြီးမှာ မကျေနပ်ချက်တွေနဲ့အတူ ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ဘာနာဒိုဆေးဗားက “ဒိုင်လူကြီးတွေဆီက ကျွန်တော်တို့ မျှော်လင့်တာက ဆုံးဖြတ်ချက်တွေမှာ တသမတ်တည်းရှိဖို့ပါ။ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်တာကြောင့် ဒီဂိုးကို ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်” ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ဆေးဗားရဲ့မှတ်ချက်စကားတွေဟာ အန်ဖီးမှာ အရေးနိမ့်ခဲ့တဲ့နောက် စီးတီးအသင်းရဲ့ စိတ်ပျက်မှုတွေကို ဖော်ပြနေ ခဲ့ပါတယ်။
နည်းပြ ပက် ဂွာဒီယိုလာ ကိုလည်း ထို သွင်းဂိုး ပယ်ဖျက်ခံရတာနဲ့ ပတ်သတ်ပြီး မေးမြန်းခံခဲ့ရရာ ဒါက အန်းဖီးကွင်း ကိုး လို့ ပြန် တုန့်ပြန်သွားခဲပါတယ်။
ရှုံးပွဲကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်က အာဆင်နယ်နဲ့ လေးမှတ်ကွာဟသွားခဲ့တာပါ။ မန်စီးတီးဟာ ၂၂ရက်နေ့ ဘရိုက်တန်နဲ့ အိမ်ကွင်းပွဲမှာ ပြန်လည်နိူင်ပွဲရယူပြီး အမှတ်ကွာဟချက်ကို ပြန် လျှော့ချဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။