ဂိုးက မရ၊ လူစားလည်း လဲခံခဲ့ရတဲ့ ရော်နယ်ဒို။ ဒီဂိုး ပေးသင့်တယ် ဝိုင်းပြောလာကြတဲ့ မန်ယူ ပရိသတ်များ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ညကပွဲမှာ နယူးကာဆယ် အသင်းနဲ့ အိုးထရက်ဖိုဒ့်မှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ရော်နယ်ဒိုရဲ့ သွင်းဂိုး ခွင့်မပြုခဲ့တဲ့ ဖြစ်ရပ်ဟာ ပွဲအပြီးမှာ ပြောစရာတွေ ဖြစ်ခဲ့ပါတယ်။
မန်ယူအသင်းသားတွေ နယူးကာဆယ်ကို ပြစ်ဒဏ်ဘော ကျူးလွန်တာကြောင့် ၄၈ မိနစ်မှာ ဖရီးကစ်ရခဲ့ပါတယ်။ အဲဒီ ဖရီးကစ်ကိုတော့ နယူကာဆယ် နောက်တန်းလူက ဂိုသမားကို ဘောလုံး ပေးကန်ခဲ့ပါတယ်။ အဆိုပါ ဂိုးသမားကတော့ ဘောလုံးကို မကန်ခင် ခဏရပ်နေခဲ့ပါတယ်။
ရော်နယ်ဒိုက ဒါကို ပြစ်ဒဏ်ဘော အမြန်ကန်တယ်လို့ ယူဆခဲ့ပြီးတော့ ရုတ်တရက် နစ်ပုတ် မကန်သေးတဲ့ ဘောလုံးကို ဆွဲလုယူပြီး နယူးကာဆယ် ဂိုးပေါက်ကို ကန်ခဲ့ပါတယ်။
ဒိုင်လူကြီး ခရစ် ပေါဆင်ကတော့ ဒီဂိုး ကိုခွင့်မပြုခဲ့ပါဘူး။ ရော်နယ်ဒိုက စိတ်ဆိုးမာန်ဆိုး နဲ့ အသင်းသားတွေနဲ့ စောဒက တက်ခဲ့တာကြောင့် ရော်နယ်ဒို ရဲ့ အပြုအမှုအတွက် အဝါကတ် ပြသခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ ဒီဂိုးဟာ ဂိုးရသင့်တယ်လို့ တွစ်တာမှာ အခုလို ပြောဆိုနေကြပါတယ်။
‘ဒါက သေချာပေါက်ဂိုးပေးရမှာပါ’၊ ‘တကယ်လို့ အဲဒီလိုအဖြစ်အပျက်မျိုး ယူနိုက်တက်သာ ရင်ဆိုင်ရမယ်ဆိုရင် ဒိုင်လူကြီးက ဂိုးပေးလိုက်ပါပြီ’၊
‘နယူးကာဆယ်ကစားသမားနဲ့ ဘောလုံးထိခဲ့တဲ့အတွက် ဒါကို ဂိုးပေးရမှာဖြစ်ပါတယ်’လို့ ရေးသားခဲ့ကြပါတယ်။
အဲဒီနောက် နည်းပြ တန်ဟက်ကတော့ ရော်နယ်ကို ၇၂ မိနစ်မှာ လူစားလဲခဲ့ပါတယ်။ ရော်နယ်ဒိုက အဆိုပါ လူစားလဲခံရတဲ့ အပေါ် မပျော်မရွှင်ဖြစ်နေခဲ့ပါတယ်။