ခံစစ်ကောင်းတဲ့ ဘရိုက်တန်တို့ မန်စီးတီး ကို ဘယ်လောက် တောင့်ခံနိုင်မလဲ သုံးသပ်ခန့်မှန်းသွားတဲ့ လော်ရိုး
မန်ချက်စတာစီးတီးကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘရိုက်တန် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားရမှာပါ။ ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ည ၈နာရီခွဲမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲစဉ်တွေ သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ လော်ရိုးကြီးက မန်စီးတီးနဲ့ ဘရိုက်တန်တို့ ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဘရိုက်တန် နည်းပြ ရော်ဘတ်တို ဒီ ဇာဘီဟာ လီဗာပူးကို ရင်ဆိုင်ကစားခဲ့တုန်းက ကောင်းမွန်တဲ့ ရလဒ်တစ်ခု ရယူနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း နိုင်ပွဲမရသေးပါဘူး။ ပြိုင်ဘက်ရဲ့ အနိုင်ယူခြင်း ခံရအပြီး မန်စီးတီးကို ဘယ်အသင်းကများ ရင်ဆိုင်ကစားလိုမလဲ?
ဘရိုက်တန်က ခံစစ်ပိုင်းမှာ ကောင်းပါတယ်၊ သူတို့က ကြိုးစားပြီး ဘောလုံးကိုလည်း ထိန်းနိုင်ဖို့ လုပ်ဆောင် ထားနိုင်တယ်။ ဒါပေမယ့် စီးတီးတို့ ဒီပွဲမှာ နိုင်ပွဲကြီး ရသွားမှာပါ။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။
လော်ရိုးကြီးရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၃-ဝ ဘရိုက်တန် ဖြစ်ပါတယ်။
Zawgyi
မန္ခ်က္စတာစီးတီးကေတာ့ ဒီအပတ္ ပရီးမီးယားလိဂ္မွာ ဘရိုက္တန္ အသင္းနဲ႕ ေတြ႔ဆံုေနျပီး အိမ္ကြင္း အီတီဟက္မွာ ဧည့္ခံ ကစားရမွာပါ။ ပြဲခ်ိန္ကေတာ့ ဒီေန႔ စေနေန႔ည ၈နာရီခြဲမွာ ျဖစ္ပါတယ္။
ေဘာလံုးပြဲစဥ္ေတြ သံုးသပ္ေနၾက ဝါရင့္ၾကီး တစ္ဦး ျဖစ္တဲ့ ေလာ္ရိုးၾကီးက မန္စီးတီးနဲ႕ ဘရိုက္တန္တို႔ ပြဲအတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” ဘရိုက္တန္ နည္းျပ ေရာ္ဘတ္တို ဒီ ဇာဘီဟာ လီဗာပူးကို ရင္ဆိုင္ကစားခဲ့တုန္းက ေကာင္းမြန္တဲ့ ရလဒ္တစ္ခု ရယူႏိုင္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္း ႏိုင္ပြဲမရေသးပါဘူး။ ၿပိဳင္ဘက္ရဲ႕ အႏိုင္ယူျခင္း ခံရအၿပီး မန္စီးတီးကို ဘယ္အသင္းကမ်ား ရင္ဆိုင္ကစားလိုမလဲ?
ဘ႐ိုက္တန္က ခံစစ္ပိုင္းမွာ ေကာင္းပါတယ္၊ သူတို႔က ႀကိဳးစားၿပီး ေဘာလုံးကိုလည္း ထိန္းႏိုင္ဖို႔ လုပ္ေဆာင္ ထားႏိုင္တယ္။ ဒါေပမယ့္ စီးတီးတို႔ ဒီပြဲမွာ ႏိုင္ပြဲႀကီး ရသြားမွာပါ။ ” လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။
ေလာ္႐ိုးၾကီးရဲ႕ ပြဲ ခန႔္မွန္းရလဒ္ ကေတာ့ မန္ခ်က္စတာ စီးတီး ၃-ဝ ဘရိုက္တန္ ျဖစ္ပါတယ္။