လက်စတာကို မန်စီးတီး မနိုင်ဘူးလို့ ဆိုထားတဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ စီးတီးဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ လက်စတာအသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း ကင်းပါဝါကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ဘောလုံးပွဲ သုံးသပ်ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီပွဲမှာ မန်စီးတီး နိုင်ပွဲ ပျောက်နိုင်တယ် လို့ ထူးထူးခြားခြား ခန့်မှန်းထားပါတယ်။

ပေါမာဆန်က ” ဒီပွဲဟာ မန်စီးတီးအတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လက်စတာတို့ အဆင့် ဘယ်လောက်မှာ ရှိနေတယ်ဆိုတာ ကျနော် သိပါတယ်။

ဒါပေမယ့် လက်စတာလို အသင်းက ခန့်မှန်းရ ခက်ခဲပါတယ်။ သူတို့က ဝုဗ်ကို ကောင်းကောင်းကစားကာ အနိုင်ယူပြီး ဘုန်းမောက်ကို ရှုံးခဲ့ပြန်တယ်။ မန်စီးတီးပွဲမှာ ဘယ်လို လက်စတာ အသင်းကို မြင်ရမယ်ဆိုတာ မသိနိုင်သေးပါဘူး။

မန်စီးတီး ဘယ်လောက်ကောင်းတယ်ဆိုတာ ကျနော်တို့ အားလုံးသိတယ်။ ဒါပေမယ့် ဒီနှစ်တွေမှာ ဂွာဒီယိုလာရဲ့ အသင်းကို ရင်ဆိုင်တိုင်း လက်စတာက သိပ်ကောင်းပါတယ်။ မန်စီးတီးက အသင်းကောင်းဆိုပေမယ့် အခွင့်အရေးတွေ ပေးနေရဆဲပါပဲ။

အရင်အပတ်က ဘရိုက်တန်ကို မန်စီးတီးတို့ ၂-၁ ရလဒ်နဲ့ အနိုင်ရနေချိန် နောက်တစ်ဂိုးသွင်းမှာ ဘယ်အသင်းလဲလို့ မေးရင် ကျနော်တော့ ဘရိုက်တန်လို့ ဖြေမိမှာပါ။ မန်စီးတီးကို နာကျင်အောင် လုပ်လို့ရနိုင်ပြီး မှန်ကန်တဲ့ ပေးချက်တော့ လိုတာပေါ့။

လက်စတာက ခံစစ်မှာ သိပ်မကောင်းပေမယ့် ပက်ရဲ့ အသင်းကို နာကျင်စေမယ့် ကစားဟန် ရှိထားတယ်။ သူတို့က စွမ်းဆောင်ရည်တော့ မတည်ငြိမ်ပါဘူး။ ဒီပွဲမှာ သွင်းဂိုးတွေ မြင်ရမယ်လို့ ထင်မိတယ်။ လက်စတာ ကစားပုံ မကောင်းရင် မန်စီးတီးက အနိုင်ယူသွားမှာ ဆိုပေမယ့် ဒီပွဲမှာ လက်စတာတို့ အကောင်းဆုံး လုပ်နိုင်မယ် ထင်မိပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ လက်စတာ ၂-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။ ကစားမယ့် ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ ညနေ ၆ နာရီမှာပါ။