ဖူလ်ဟမ်က စီးတီးကို ဖွင့် ကစားပြီး ဂိုးတော့ သွင်းမှာပဲ ဆိုတဲ့ ဆရာကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ စီးတီးအသင်းကတော့ မနက်ဖြန် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားတော့မှာပါ။ ဘောလုံးပွဲ သုံးသပ်ခန့်မှန်း ဆရာကြီး ပေါမာဆန်က စီးတီးနဲ့ ဖူလ်ဟမ်တို့ ပွဲ အတွက် အခုလို သုံးသပ်ထားပါတယ်။

” ဒီပွဲကတော့ ဖူလ်ဟမ်တို့ ထိခိုက်နိုင်တဲ့ ပွဲပါ။ သူတို့က ပရီးမီးယားလိဂ်မှာ အတော် ခြေကောင်းနေတယ်။ အမှတ်ပေး ဇယားကလည်း စိတ်ပူစရာ မရှိဘူး။

ဇယားတဝက်မှာ ရောက်နေလို့ စိတ်ချကနေရပြီ ဖြစ်တယ်။ ဒီတော့ သူတို့ ဖွင့် ကစားလာနိုင်ပါတယ်။

မန်ချက်စတာ စီးတီးမှာ အားသာချက်က လူအင်အား တောင့်တင်းတာပါ။ ဒီပွဲကို နိုင်ဖို့ သူတို့ ထိပ်တန်း လူစာရင်း ထုတ်သုံးဖို့ မလိုအပ်ဘူး။ ကစားသမားတွေကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ နီးလာလို့ ထိန်းကစားနေကြတယ်၊ ဒါပေမယ့် စီးတီးက အဆင်ပြေမှာပါ။

ဖူလ်ဟမ်က ဖွင့် ကစားလာနိုင်လို့ ဒီပွဲက မန်ချက်စတာ စီးတီးအတွက် ပွဲကောင်း ဖြစ်မယ်လို့ ကျနော် ထင်တယ်။

သူတို့ကလည်း ခံစစ်ပိတ်ကစားမှာ မဟုတ်တော့ ပက် ဂွာဒီယိုလာ အကြိုက်ပဲပေါ့။ ဖူလ်ဟမ် သေချာ အားထုတ်ရင် တစ်ဂိုးတော့ သွင်းနိုင်မှာပါ၊ ဒါပေမယ့် စီးတီးကပဲ ဒီပွဲ အနိုင်ယူပါလိမ့်မယ်။” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၃-၁ ဖူလ်ဟမ် ဖြစ်ပါတယ်။