ဒီည မန်စီးတီး Vs ဖူလ်ဟမ် ပွဲစဉ် အတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ စီးတီးအသင်းဟာ ဒီနေ့ စနေနေ့ည အီတီဟက် ကွင်းမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ဖူလ်ဟမ် အသင်းကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က စီးတီးနဲ့ ဖူလ်ဟမ် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အရင်အပတ် ဟာလန်း ဒဏ်ရာရကတည်းက ဖန်တက်စီ ဂိမ်း ကစားသူတွေ ဒုက္ခရောက်တော့တာပဲ။ လက်စတာကို အနိုင်ရတဲ့ပွဲကော ဆီးဗီးလာကို အနိုင်ရတဲ့ပွဲမှာပါ ဟာလန်း မပါနိုင်ခဲ့ပါဘူး။ ဒီပွဲမှာ သူပြန်ကစားလာနိုင်မှာလား?

မန်စီးတီးက ဒီပွဲကို သက်သောင့်သက်သာ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ သိပ်မသေချာတာက ဒီပွဲမှာ ဖူလ်ဟမ်တို့ ၁ ဂိုးလောက် ပြန်ရမလားဆိုတဲ့ ကိစ္စပါ။ ကျနော်က ဖန်တစီမှာ အီဒါဆန်ကို ရွေးထားတာကြောင့် ဒီပွဲမှာ သူ ဂိုးပေးရမယ် မထင်ပါဘူး။ မန်စီးတီး ခံစစ် ဂိုးပေးရမှာ မဟုတ်ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၃-ဝ ဖူလ်ဟမ် ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာ စီးတီးအသင္းဟာ ဒီေန႔ စေနေန႔ည အီတီဟက္ ကြင္းမွာ ပရီးမီးယားလိဂ္ ပြဲ အျဖစ္ ဖူလ္ဟမ္ အသင္းကို ဧည့္ခံ ကစားရဖို႔ ရွိေနပါတယ္။

ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ခရစ္ဆက္တန္က စီးတီးနဲ႕ ဖူလ္ဟမ္ တို႔ ပြဲ အတြက္ အခုလုိ သံုးသပ္ ခန္႔မွန္းထားပါတယ္။

” အရင္အပတ္ ဟာလန္း ဒဏ္ရာရကတည္းက ဖန္တက္စီ ဂိမ္း ကစားသူေတြ ဒုကၡေရာက္ေတာ့တာပဲ။ လက္စတာကို အႏိုင္ရတဲ့ပြဲေကာ ဆီးဗီးလာကို အႏိုင္ရတဲ့ပြဲမွာပါ ဟာလန္း မပါႏိုင္ခဲ့ပါဘူး။ ဒီပြဲမွာ သူျပန္ကစားလာႏိုင္မွာလား?

မန္စီးတီးက ဒီပြဲကို သက္ေသာင့္သက္သာ အႏိုင္ရသြားမယ္လို႔ ထင္ပါတယ္။ သိပ္မေသခ်ာတာက ဒီပြဲမွာ ဖူလ္ဟမ္တို႔ ၁ ဂိုးေလာက္ ျပန္ရမလားဆိုတဲ့ ကိစၥပါ။ က်ေနာ္က ဖန္တစီမွာ အီဒါဆန္ကို ေ႐ြးထားတာေၾကာင့္ ဒီပြဲမွာ သူ ဂိုးေပးရမယ္ မထင္ပါဘူး။ မန္စီးတီး ခံစစ္ ဂိုးေပးရမွာ မဟုတ္ပါဘူး။ ” လို႔ ဆက္တန္က သံုးသပ္ထားပါတယ္။

ခရစ္ဆက္တန္ရဲ႕ ခန႔္မွန္းရလဒ္ ကေတာ့ မန္ခ်က္စတာ စီးတီး ၃-ဝ ဖူလ္ဟမ္ ျဖစ္ပါတယ္။