ဖူလ်ဟမ်ကို တစ်ယောက်လျော့နဲ့ ခက်ခက်ခဲခဲ နိုင်ပွဲယူခဲ့ရတဲ့ ပွဲ အပြီး သူ့ခံစားချက်တွေ ထုတ်ပြောလာတဲ့ ပက်
မနေ့ညက အီတီဟက် ကွင်းမှာ ကစားသွားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အိမ်ရှင်မန်စီးတီးက (၉၅)မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ တိုက်စစ်မှူး အာလင်းဟာလန်းက အနိုင်ဂိုးကို သွင်းယူပြီး ၂-၁နဲ့ အနိုင်ရခဲ့ပါတယ်။
ခက်ခဲစွာ ရခဲ့တဲ့ နိုင်ပွဲ အပြီးမှာ စီးတီးနည်းပြ ပက်ဂွာဒီယိုလာက သူ့အသင်းသားတွေရဲ့ စွမ်းဆောင်ရည် တွေ အပေါ် ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အာဂျင်တီးနား တိုက်စစ်မှုး အဲလ်ဗာရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နေခဲ့ရာကနေ ကန်ဆယ်လို တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို ပင်နယ်တီပါ ခွင့်ပြုခဲ့ရပြီး ချေပဂိုး ပြန်လည် ခွင့်ပြုခဲ့ရပါတယ်။
ပွဲက တစ်ဖက်တစ်ဂိုးစီနဲ့ အဆုံးသတ်သွားဖို့ နီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို လူစားဝင် ကစားသမား ဟာလန်းက အမှားအယွင်းမရှိ ကန်သွင်းယူရင်း အဖိုးတန် (၃)မှတ်ကို ပိုင်ဆိုင်ခဲ့သလို ဒီကနေ့မှာ လန်ဒန်ဒါဘီပွဲ ဆင်နွဲရဖို့ ရှိနေတဲ့ အာဆင်နယ်အသင်းကိုပါ ဖိအားပေးလိုက်ပါတယ်။
ဒီနိုင်ပွဲနဲ့ ပတ်သတ်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာက စီးတီးအသင်းသားတွေကို အခုလို ချီးကျူးသွားခဲ့ပါတယ်။
“ ၁၀ယောက် – ၁၁ယောက်နဲ့ ပွဲချိန် (၆၅)မိနစ်စာလောက် သူတို့ကစားသွားတဲ့ပုံက တကယ့်ကို အံ့အားသင့်စရာပါပဲ။ မှန်ကန်တဲ့ ပွဲအတက်အကျအတိုင်းမှာ အခွင့်အရေးတွေ များစွာ ဖန်တီးနိုင်ခဲ့ပြီး ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့တာဟာ ထူးခြားတဲ့ ပင်ကို အရည်အသွေးပါပဲ။
ကစားသမားတိုင်းက အကြောင်းအရာများစွာကနေ ဖြစ်ပေါ်လာတဲ့ ဒေါသထွက်မှုတွေ စိတ်ပျက်မှုတွေနဲ့အတူ မှန်ကန်စွာ ကစားသွားခဲ့တယ်။ ဒါဟာ တကယ်ကို ကောင်းမွန်ပါတယ်။ ဒါက ကျွန်တော်တို့ ဒီမှာ ကြုံခဲ့ရသမျှ အတွေ့အကြုံတွေ ထဲကမှ အကောင်းဆုံးသော တစ်ခုပါ” လို့ ဂွာဒီယိုလာက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ဧည့်သည်ဖူလ်ဟမ်အသင်းရဲ့ အဓိကအကျဆုံး ကစားသမားဖြစ်သူ တိုက်စစ်မှူး မီထရိုဗစ်က ခြေချင်းဝတ် ပြဿနာကြောင့် လုံးဝ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပဲ အခုလို ဆာဘီးယား တိုက်စစ်မှူး မီထရိုဗစ် ပါဝင်လာနိုင်တာက သူ့အသင်းအတွက် သက်သာရာ ရခဲ့တယ်လို့ပါ ဂွာဒီယိုလာက ဝန်ခံထားခဲ့ပါတယ်။
လက်ရှိမှာတော့ ဂွာဒီယိုလာရဲ့ စီးတီးအသင်သဟာ အာဆင်နယ်ထက် တစ်ပွဲပို ကစားထားခဲ့ပြီး ရမှတ်တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်လျက် ရှိနေပါတယ်။