စံချိန်တင် အမြတ်ငွေတွေ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သွားတဲ့ မန်ချက်စတာ စီးတီး အသင်း
မန်ချက်စတာ စီးတီး အသင်းကတော့ အသင်းရဲ့အသားတင်အမြတ်ငွေဟာ ပေါင် ၆၁၃ သန်းအထိ ရှိခဲ့ပြီး ၂၀၂၁ – ၂၂ ရာသီမှာ အကျိုးအမြတ် ပေါင် ၄၁.၇၃ သန်းရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါအမြတ်ငွေဟာ ၂၀၁၉ တုန်းက မန်ချက်စတာ ယူနိုက်တက်အသင်း ပေါင် ၆၂၇ သန်းပြီးနောက် အင်္ဂလိပ် သမိုင်းတစ်လျှောက် ဒုတိယမြောက် အများဆုံး ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက စီးတီးဟာ ရှိတ်မန်စော်အုပ်စုဝယ်ယူခဲ့တဲ့ ၂၀၀၈ နောက်ပိုင်း ၆ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။ ကိုဗစ်အခြေအနေကြောင့် စီးတီးရဲ့အမြတ်ငွေဟာ ပေါင် ၄၃.၂ သန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။
“၂၀၀၈ တုန်းက ကျွန်တော်တို့ သေချာတဲ့ပစ်မှတ်တွေထားခဲ့ပါတယ်။ အခုတော့ အသင်းက အောင်မြင်တဲ့ လမ်းကြောင်းပေါ်ရောက်နေခဲ့ပါပြီ။ ကျွန်တောာ်တို့ ရည်မှန်းချက်က ရှင်းပါတယ်။ တစ်နေ့မှာ အသင်းရဲ့ ပစ်မှတ်တွေ ရောက်ရမယ်ဆိုတာပါပဲ။
အခုဆို အသင်းရဲ့အခြေအနေကိုကြည့်ရင် အစကတည်းက ရည်မှန်းထားခဲ့တာကို ရောက်ခဲ့ပါပြီ”လို့ မူဘာရက်ခ်က ပြောကြားခဲ့ပါတယ်။
ကစားသမားရောင်းချမှုကနေ ပေါင် ၆၇.၆ သန်းရရှိခဲ့တာကြောင့် အသင်းရဲ့ဘဏ္ဍာရေးပိုင်းက ပြန်လည်မျှတခဲ့ပြီး အသင်းရဲ့အကျိုးအမြတ်က ပေါင် ၃၅ သန်းလောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
စီးတီးရဲ့အောင်မြင်မှုတွေဟာ ကြားဝင်နှောက်ယှက်မှုမရှိပဲ ဖြစ်လာခဲ့တာမျိုးမဟုတ်ပဲ ၂၀၂၀ တုန်းက အသင်းဟာ ဘဏ္ဍာရေးစည်းမျည်း ချိုးဖောက်ခဲ့မှုနဲ့ စုံစမ်းစစ်ဆေးခံခဲ့ရပြီး အပြည်ပြည်ဆိုင်ရာ အားကစားခုံရုံးမှာ အယူခံဝင်ခဲ့ကာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။