ချဲလ်ဆီး နည်းပြ ပေါ်တာကို အချိန်ပေးကြပါဦး လို့ ဒီည ပွဲမတိုင်ခင် ကာကွယ်ပြောဆိုပေးခဲ့တဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ရလဒ်ဆိုးတွေနဲ့အတူ ဖိအားတွေအောက်ရောက်ရှိနေခဲ့တဲ့ ချဲလ်ဆီးအသင်းနည်းပြ ပေါ်တာဘက်က ထောက်ခံပြောဆိုပေးသွားခဲ့ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ပေါ်တာကို အချိန်ပေးဖို့လိုကြောင်းနဲ့ ပေါ်တာတစ်ယောက် အကောင်းဆုံးပြန်လည်လုပ်ပြနိုင်မယ်လို့ ယုံကြည်ကြောင်း ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ဒီနေ့ညမှာ ကာရာဘောင်ဖလားပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကစားရမှာပါ။

ချဲလ်ဆီးအနေနဲ့ လက်ရှိမှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးပြီးရုန်းကန်နေရပေမယ့်လည်း ဂွာဒီယိုလာကတော့ အခုလို ဖေးမ ပြောဆိုသွားပါတယ်။

“ကျွန်တော် ဂရေဟမ် ပေါ်တာ အကြောင်းကို ပြောလို့ရတဲ့ သူတော့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒါက ကျွန်တော်နဲ့ မသက်ဆိုင်လို့ပါ၊ ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ ကျွန်တော့် အကြံပေးမှုကို လက်ခံမယ်ဆိုရင် ပေါ်တာကို အချိန်ပေးသင့်ပါတယ်။

အဲအခါကျရင် သူအကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ၊သူ့ရဲ့ လုပ်အား စွမ်းဆောင်ရည်ကို ကျွန်တော်တော်တော်လေး အားကျပါတယ်၊ ဒါက သူဘရိုက်တန်မှာ လုပ်ပြခဲ့တာကို ကြည့်ရင် မြင်နိုင်မှာပါ၊ အချိန်ကာလတစ်ခုရောက်ရင်တော့ သူအကောင်းဆုံးလုပ်ပြနိုင်မှာပါ” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ ပေါ်တာအနေနဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၄ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့ကာ အဲဒီ၎င်းပွဲမှာ ဘရန့်ဖို့ဒ်၊ မန်ယူအသင်းတို့ကို သရေကျခဲ့ပြီး သူ့ရဲ့ အသင်းဟောင်း ဘရိုက်တန်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ကာ ဒီအပတ်မှာတော့ အာဆင်နယ်ကို အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။