ဒီည ဘရန့်ဖို့ဒ်ကို မန်စီးတီးတို့ ဘယ်နှဂိုး သွင်းမလဲ ဆရာကြီး ပေါမာဆန် သုံးသပ် ဟောကိန်း ထုတ်

မန်ချက်စတာ စီးတီးဟာ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲ အဖြစ် ဒီညမှာ ဘရန့်ဖို့ဒ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ စီးတီးတို့ရဲ့ အီတီဟက် ကွင်းမှာ ဒီနေ့ စနေနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်စီးတီးနဲ့ ဘရန့်ဖို့ဒ်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဘရန့်ဖို့ဒ်ကတော့ သတိထားမှ ရမှာပါ၊ မဟုတ်ရင် တန်းဆင်းဇုန် ရောက်သွားနိုင်ပါတယ်။ သူတို့ ကစားတာ ကောင်းပေမယ့် ပရီးမီးယားလိဂ် ပွဲတွေ သိပ် မနိုင်ဘူး ဖြစ်နေပါတယ်။

မန်ချက်စတာ စီးတီးကလည်း အမှားတွေ လုပ်တတ်ပါတယ်၊ တကယ်လို့ သူတို့ မှားမိရင် အခွင့်ကောင်း ယူဖို့ ကြိုးစားရမှာပါ။

မန်ချက်စတာ စီးတီး အကြောင်း ပြောရရင် သူတို့ ဂိုးဘယ်လောက် သွင်းမလဲပဲ ပြောရမလိုပါပဲ။ ဒီလိုပွဲတွေမှာ ဘာဖြစ်မလဲ မသိနိုင်ဘူး ဆိုရင် ဆိုပါလိမ့်မယ်။

ဒါပေမယ့် ဖူလ်ဟမ်လို အသင်းကောင်း တစ်သင်းတောင် ၁ဝ ယောက်ကျန် မန်စီးတီးကို ရှုံးရပါတယ်။ မန်ချက်စတာ စီးတီးက ဒီပွဲကို နိုင်ကို နိုင်အောင် ကန်ပြီး အာဆင်နယ်ကို ဖိအားတွေ ပေးပါလိမ့်မယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၃-ဝ ဘရန့်ဖို့ဒ် ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာ စီးတီးဟာ ကမၻာ့ဖလား မတိုင္ခင္ ေနာက္ဆံုး ပရီးမီးယားလိဂ္ ပြဲ အျဖစ္ ဒီညမွာ ဘရန္႔ဖို႔ဒ္ အသင္းနဲ႕ ယွဥ္ျပိဳင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ စီးတီးတို႔ရဲ႕ အီတီဟက္ ကြင္းမွာ ဒီေန႔ စေနေန႔ည ၇ နာရီမွာ ယွဥ္ျပိဳင္ၾကမွာပါ။

ေဘာလံုးပြဲေတြ သံုးသပ္ေနၾက ဆရာၾကီး ျဖစ္တဲ့ ဂန္းနားေဟာင္းၾကီး ေပါမာဆန္က မန္စီးတီးနဲ႕ ဘရန္႔ဖို႔ဒ္တို႔ ပြဲ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ဘရန္႔ဖို႔ဒ္ကေတာ့ သတိထားမွ ရမွာပါ၊ မဟုတ္ရင္ တန္းဆင္းဇုန္ ေရာက္သြားနုိင္ပါတယ္။ သူတို႔ ကစားတာ ေကာငး္ေပမယ့္ ပရီးမီးယားလိဂ္ ပြဲေတြ သိပ္ မနိုင္ဘူး ျဖစ္ေနပါတယ္။

မန္ခ်က္စတာ စီးတီးကလည္း အမွားေတြ လုပ္တတ္ပါတယ္၊ တကယ္လို႔ သူတို႔ မွားမိရင္ အခြင့္ေကာင္း ယူဖို႔ ၾကိဳးစားရမွာပါ။

မန္ခ်က္စတာ စီးတီး အေၾကာင္း ေျပာရရင္ သူတို႔ ဂိုးဘယ္ေလာက္ သြင္းမလဲပဲ ေျပာရမလိုပါပဲ။ ဒီလိုပြဲေတြမွာ ဘာျဖစ္မလဲ မသိနုိင္ဘူး ဆိုရင္ ဆိုပါလိမ့္မယ္။

ဒါေပမယ့္ ဖူလ္ဟမ္လို အသင္းေကာင္း တစ္သင္းေတာင္ ၁ဝ ေယာက္က်န္ မန္စီးတီးကို ရံႈးရပါတယ္။ မန္ခ်က္စတာ စီးတီးက ဒီပြဲကို နုိင္ကို နိုင္ေအာင္ ကန္ျပီး အာဆင္နယ္ကို ဖိအားေတြ ေပးပါလိမ့္မယ္။ ” လို႔ မာဆန္က သံုးသပ္ထားပါတယ္။

ေပါမာဆန္ရဲ႕ ပြဲ ခန္႔မွန္းရလဒ္ ကေတာ့ မန္ခ်က္စတာ စီးတီး ၃-ဝ ဘရန္႔ဖို႔ဒ္ ျဖစ္ပါတယ္။