ကမ္ဘာ့ဖလား ကာလမှာ စီးတီးနဲ့ အနာဂတ် ကိစ္စ ဆုံးဖြတ် ဆွေးနွေးတော့မယ့် ပက် ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်း နည်းပြ ဂွာဒီယိုလာဟာ နောက်ဆုံး လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရဲ့ အနာဂတ်အကြောင်း မေးခွန်းထုတ်ခံရချိန် အဖြေပေးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။

ဂွာဒီယိုလာဟာ ၂၀၂၃ နွေမှာ သက်တမ်းကုန်တော့မယ့် မန်စီးတီးနဲ့ သူ့ကြား စာချုပ်အပေါ်မှာ စိတ်အေးလက်အေး ရှိနေဆဲပါ။ စီးတီးနည်းပြဟာ မန်ချက်စတာ ကလပ်မှာ ၇ ရာသီမြောက်ကို ရောက်နေပြီဖြစ်ကာ လက်ရှိစာချုပ်ကို သက်တမ်း မတိုးရသေးပါဘူး။

“ ကျွန်တော် ဒီအကြောင်း မပြောချင်ဘူးဆိုတာ ခဏခဏပြောခဲ့ပြီးပြီ။ အရာအားလုံးက ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ အေးဆေးပါပဲ။ ဆုံးဖြတ်ချက် ချရမယ့်အချိန် ရောက်လာရင် ကလပ်နဲ့အတူ ဆွေးနွေးပြီး ဆုံးဖြတ်သွားမှာပါ။

ကလပ်ဘက်ကရော ကျွန်တော်ပါ အတူတူ ပျော်ရွှင်နေကြတယ်လို့ ခံစားရတယ်။ အခုတော့ အချိန်မတန်သေးဘူး။ အချိန်တန်တော့မှ ဆုံးဖြတ်ကြမှာပါ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

ဂွာဒီယိုလာဟာ မန်ချက်စတာကလပ်မှာ သူဆက်နေမလား အခြားတစ်သင်းထံ ထွက်သွားမလား ဆုံးဖြတ်ဖို့ ကမ္ဘာဖလားကာလမှာ စဉ်းစားဖွယ် ရှိနေပါတယ်။

မန်စီးတီးနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုမှုအရ ဒီတစ်လကျော် ကာလဟာ သူ့စိတ်ပိုင်းဖြတ်မှု တစ်ခုခုလုပ်ဖို့ အရေးပါလိမ့်မယ် လို့ သိရကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြခဲ့တယ်။

ကက်တလန်သား နည်းပြကြီး ဟာ အဘူဒါဘီသို့ ခရီးထွက်ဖို့လည်း ပြင်ဆင်ထားပြီး အနာဂတ်ရေးရာ ကိစ္စတွေအတွက် စီးတီးရဲ့ ထိပ်ပိုင်း တာဝန်ရှိသူတွေဖြင့် ဆွေးနွေးဖို့ ရှိနေတာ ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာ စီးတီး အသင္း နည္းျပ ဂြာဒီယိုလာဟာ ေနာက္ဆုံး လုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ သူ႔ရဲ႕ အနာဂတ္အေၾကာင္း ေမးခြန္းထုတ္ခံရခ်ိန္ အေျဖေပးဖို႔ကို ျငင္းဆန္ခဲ့ပါတယ္။

ဂြာဒီယိုလာဟာ ၂၀၂၃ ေႏြမွာ သက္တမ္းကုန္ေတာ့မယ့္ မန္စီးတီးနဲ႔ သူ႔ၾကား စာခ်ဳပ္အေပၚမွာ စိတ္ေအးလက္ေအး ရွိေနဆဲပါ။ စီးတီးနည္းျပဟာ မန္ခ်က္စတာ ကလပ္မွာ ၇ ရာသီေျမာက္ကို ေရာက္ေနၿပီျဖစ္ကာ လက္ရွိစာခ်ဳပ္ကို သက္တမ္း မတိုးရေသးပါဘူး။

“ ကြၽန္ေတာ္ ဒီအေၾကာင္း မေျပာခ်င္ဘူးဆိုတာ ခဏခဏေျပာခဲ့ၿပီးၿပီ။ အရာအားလုံးက ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနတယ္။ ေအးေဆးပါပဲ။ ဆုံးျဖတ္ခ်က္ ခ်ရမယ့္အခ်ိန္ ေရာက္လာရင္ ကလပ္နဲ႔အတူ ေဆြးေႏြးၿပီး ဆုံးျဖတ္သြားမွာပါ။

ကလပ္ဘက္ကေရာ ကြၽန္ေတာ္ပါ အတူတူ ေပ်ာ္႐ႊင္ေနၾကတယ္လို႔ ခံစားရတယ္။ အခုေတာ့ အခ်ိန္မတန္ေသးဘူး။ အခ်ိန္တန္ေတာ့မွ ဆုံးျဖတ္ၾကမွာပါ ” လို႔ ဂြာဒီယိုလာက ေျပာဆိုခဲ့ပါတယ္။

ဂြာဒီယိုလာဟာ မန္ခ်က္စတာကလပ္မွာ သူဆက္ေနမလား အျခားတစ္သင္းထံ ထြက္သြားမလား ဆုံးျဖတ္ဖို႔ ကမာၻဖလားကာလမွာ စဥ္းစားဖြယ္ ရွိေနပါတယ္။

မန္စီးတီးနဲ႔ နီးစပ္သူေတြရဲ႕ ေျပာဆိုမႈအရ ဒီတစ္လေက်ာ္ ကာလဟာ သူ႔စိတ္ပိုင္းျဖတ္မႈ တစ္ခုခုလုပ္ဖို႔ အေရးပါလိမ့္မယ္ လို႔ သိရေၾကာင္း ေဒးလီးေမးလ္ သတင္းက ေဖာ္ျပခဲ့တယ္။

ကက္တလန္သား နည္းျပၾကီး ဟာ အဘူဒါဘီသို႔ ခရီးထြက္ဖို႔လည္း ျပင္ဆင္ထားၿပီး အနာဂတ္ေရးရာ ကိစၥေတြအတြက္ စီးတီးရဲ႕ ထိပ္ပိုင္း တာဝန္ရွိသူေတြျဖင့္ ေဆြးေႏြးဖို႔ ရွိေနတာ ျဖစ္ပါတယ္။