ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ သူတို့မှာ ထိုက်တန်တဲ့ အရည်အသွေး ရှိကြောင်း ကြုံးဝါးလိုက်တဲ့ ဂျူလီယန် အယ်ဗာရက်ဇ်

မန်စီးတီး တိုက်စစ်သမား ဂျူလီယန် အယ်ဗာရက်ဇ်က အာဂျင်တီးနားအသင်း ဟာ ဗိုလ်လုပွဲ တက်ရောက်ပြီးနောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ရန်အတွက် ထိုက်တန်တဲ့ အရည်အသွေး အပြည့်အဝရှိတဲ့အကြောင်း ပြောဆို လိုက်ပါတယ်။

အင်္ဂါနေ့က အာဂျင်တီးနားအသင်းနဲ့ ခရိုအေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားဆီးမီးဖိုင်နယ် ပွဲစဉ်မှာ အာဂျင်တီးနား အသင်းက ခရိုအေးရှား အသင်းကို ၃ – ၀ ရလဒ်ဖြင့် အနိုင်ရယူကာ ဗိုလ်လုပွဲ တက်ရောက် သွားခဲ့တာပါ။

ထိုပွဲမှာ အာဂျင်တီးနားအသင်း အတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဂျူလီယန် အယ်ဗာရက်ဇ်က သွင်းယူခဲ့ပါတယ်။

သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပေးနေတဲ့ အယ်လ်ဗာရက်ဇ်က –

“ကျွန်တော်တစ်ယောက်တည်း အနေနဲ့ရော အာဂျင်တီးနား တစ်သင်းလုံးအနေနဲ့ပါ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ကစားဖို့ ထိုက်တန်မှု ရှိပါတယ်။ ဒါက ကျွန်တော်တို့အသင်း တစ်ချိန်လုံးမျှော်လင့်ခဲ့ရတဲ့ အရာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ ပွဲကြီးပွဲကောင်းတစ်ပွဲကို ဆင်နွှဲခွင့်ရတော့မှာပါ”

“ယခုအနေအခြေအနေကို ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့အတွက် အာဂျင်တီးနားတစ်တိုင်းပြည်လုံးက ပျော်ရွှင်နေကြပါတယ်”လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုခဲ့ပါတယ်။

အာဂျင်တီးနား အသင်းဟာ တဖက်မှာ မော်ရိုကို အသင်းအား ၂-ဝ နဲ့ အနိုင်ယူ ကျော်ဖြတ်လာတဲ့ လက်ရှိ ချန်ပီယံ ပြင်သစ် အသင်းနဲ့ ဗိုလ်လုပွဲမှာ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။