စတန်းဖို့ဘရစ်ချ်ရဲ့ အရှိန်အဝါတွေ ပျောက်ဆုံးမှာ ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာ စိုးရိမ်နေ

ချယ်ဆီးအသင်းဟာ ဒီရာသီ ဖရန့်လမ်းပတ်ရဲ့ ကာလတလျောက် အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ရုန်းကန်နေရပြီး အိမ်ကွင်းရလဒ်ဆိုးတွေက ချယ်ဆီးရဲ့ အဆင့် ၄ အတွင်းနေရာကို ခြိမ်းခြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာက ပြိုင်ဘက်အသင်းတွေဟာ စတန်းဖို့ဘရစ်ချ်သို့ လာကစားရင် ကြောက်ရွံ့စိုးရိမ်နေရတဲ့ အရိပ်တွေ ပျောက်ဆုံးလာမှာကို စိုးရိမ်နေပါတယ်။

ချယ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ပြိုင်ဘက်အသင်းတွေဘက် ထိုးဖောက်ရမှာ ရုန်းကန်နေရပြီး အနိမ့်ဘောတွေကို အားပြုတဲ့ အသင်းတွေဆို ပိုမို ဆိုးဝါးနေပါတယ်။ ဒါကြောင့် ချယ်ဆီးအသင်း ခံစစ်မှူး စပိန်သားက အသင်းရဲ့ အိမ်ကွင်း အရှိန်အဝါတွေ ပျောက်ဆုံးမှာ စိတ်ပူနေခဲ့တာပါ။

” ပြိုင်ဘက်အသင်းတွေက ကျနေ်ာတို့ အိမ်ကွင်းမှာ ပွဲတွေ မနိုင်တာ မြင်ရများလာရင် သူတို့က သူတို့လည်း အနိုင်ကန်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ ရောက်လာနိုင်တယ်။ ဒီတော့ နည်းဗျူဟာတွေကို ခဏမေလိုက်ဦး။ အိမ်ကွင်းမှာ ပြိုင်ဘက်တွေ လေးစားပြီး ရှိန်နေရတဲ့ အနေအထားမျိုး ပြန်ရောက်အောင် အစွမ်းကနု် လုပ်ရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကွင်းမှာ ဒီလောက် များများ ရှုံးနေရတာက ပုံမှန် မဟုတ်တော့ဘူး။ ”

” အိမ်ကွင်းမှာ ကစားရတဲ့ ဖိအားက မကောင်းတဲ့ဘက်က ရှိတယ်လို့ ကျနေ်ာတော့ မထင်ဘူး။ ဆန့်ကျင်ဘက် အနေနဲ့ ကောင်းတဲ့ အင်အားတောင် ဖြစ်ရဦးမှာ။ ကျနော်တို့မှာ ကစားသမားကောင်းတွေ အရည်အချင်းကောင်းတွေ ရှိထားတယ်။ ဒီတော့ လက်ရှိ အခြေအနေဆိုးကို ပြောင်းပြန် လှန်ပစ်ဖို့ လိုတယ်။ ရခဲ့တဲ့ သင်ခန်းစားတွေကလည်း ခါးသီးလွန်းပါတယ်။ ဒီမှာတင် လောလောဆယ် ၃ ပွဲရှုံးပြီး သွင်းဂိုးက သုညပဲ ရှိတယ်။ ” လို့ ကွီတာက ပြောကြားလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ မှာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာတင် ရှုံးနိမ့်ခဲ့ပေမယ့် အဆင့် ၄ နေရာမှာတင် ရှိနေသေးပြီး ဝုဗ်၊ စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ရဲ့ ရှေ့မှာ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ငွေကြေး သုံးစွဲပြီး ကစားသမားကောင်းတွေ အင်အားဖြည့်ကာ အသင်း လူငယ်တွေကို ပိုမို တောက်ပလာစေဖို့ ပြင်ဆင်နေပါတယ်။ ကွီတာကတော့ အခြေခံ အကျဆုံး အနေနဲ့ အိမ်ကွင်းရလဒ်ကောင်းတွေ ပြန်ယူဖို့ စိတ်အားထက်သန်နေတာပါ။

ချယ်ဆီးအသင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အဆင့် ၄ အတွင်း မြဲမြံနေဖို့ ရလဒ်ကောင်းတွေ ယူနိုင်ရန် လိုအပ်နေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ဖရန္႔လမ္းပတ္ရဲ႕ ကာလတေလ်ာက္ အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ရုန္းကန္ေနရျပီး အိမ္ကြင္းရလဒ္ဆိုးေတြက ခ်ယ္ဆီးရဲ႕ အဆင့္ ၄ အတြင္းေနရာကို ျခိမ္းေျခာက္လာခဲ့ျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းေခါင္းေဆာင္ ကြီတာက ျပိဳင္ဘက္အသင္းေတြဟာ စတန္းဖို႔ဘရစ္ခ်္သို႔ လာကစားရင္ ေၾကာက္ရြံ႕စိုးရိမ္ေနရတဲ့ အရိပ္ေတြ ေပ်ာက္ဆံုးလာမွာကို စိုးရိမ္ေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ အိမ္ကြင္းမွာ ျပိဳင္ဘက္အသင္းေတြဘက္ ထိုးေဖာက္ရမွာ ရုန္းကန္ေနရျပီး အနိမ့္ေဘာေတြကို အားျပဳတဲ့ အသင္းေတြဆို ပိုမို ဆိုး၀ါးေနပါတယ္။ ဒါေၾကာင့္ ခ်ယ္ဆီးအသင္း ခံစစ္မွဴး စပိန္သားက အသင္းရဲ႕ အိမ္ကြင္း အရွိန္အ၀ါေတြ ေပ်ာက္ဆံုးမွာ စိတ္ပူေနခဲ့တာပါ။

” ျပိဳင္ဘက္အသင္းေတြက က်ေန္ာတို႔ အိမ္ကြင္းမွာ ပြဲေတြ မနို္င္တာ ျမင္ရမ်ားလာရင္ သူတို႔က သူတို႔လည္း အနုိင္ကန္နိုင္တယ္ဆိုတဲ့ ယံုၾကည္မႈေတြနဲ႕ ေရာက္လာနုိင္တယ္။ ဒီေတာ့ နည္းဗ်ဴဟာေတြကို ခဏေမလိုက္ဦး။ အိမ္ကြင္းမွာ ျပိဳင္ဘက္ေတြ ေလးစားျပီး ရွိန္ေနရတဲ့ အေနအထားမ်ိဳး ျပန္ေရာက္ေအာင္ အစြမ္းကနု္ လုပ္ရဦးမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အိမ္ကြင္းမွာ ဒီေလာက္ မ်ားမ်ား ရွံဳးေနရတာက ပံုမွန္ မဟုတ္ေတာ့ဘူး။ ”

” အိမ္ကြင္းမွာ ကစားရတဲ့ ဖိအားက မေကာင္းတဲ့ဘက္က ရွိတယ္လို႔ က်ေန္ာေတာ့ မထင္ဘူး။ ဆန္႔က်င္ဘက္ အေနနဲ႕ ေကာင္းတဲ့ အင္အားေတာင္ ျဖစ္ရဦးမွာ။ က်ေနာ္တို႔မွာ ကစားသမားေကာငး္ေတြ အရည္အခ်င္းေကာင္းေတြ ရွိထားတယ္။ ဒီေတာ့ လက္ရွိ အေျခအေနဆိုးကို ေျပာင္းျပန္ လွန္ပစ္ဖို႔ လိုတယ္။ ရခဲ့တဲ့ သင္ခန္းစားေတြကလည္း ခါးသီးလြန္းပါတယ္။ ဒီမွာတင္ ေလာေလာဆယ္ ၃ ပြဲရွံဳးျပီး သြင္းဂိုးက သုညပဲ ရွိတယ္။ ” လို႔ ကြီတာက ေျပာၾကားလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၈ မွာ ေဆာက္သမ္တန္ကို အိမ္ကြင္းမွာတင္ ရွံဳးနိမ့္ခဲ့ေပမယ့္ အဆင့္ ၄ ေနရာမွာတင္ ရွိေနေသးျပီး ၀ုဗ္၊ စပါးနဲ႕ မန္ခ်က္စတာယူနုိက္တက္တို႕ ရဲ႕ ေရွ႕မွာ ဦးေဆာင္ထားနုိင္ဆဲ ျဖစ္ပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ လာမယ့္ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ေငြေၾကး သံုးစြဲျပီး ကစားသမားေကာင္းေတြ အင္အားျဖည့္ကာ အသင္း လူငယ္ေတြကို ပိုမို ေတာက္ပလာေစဖို႔ ျပင္ဆင္ေနပါတယ္။ ကြီတာကေတာ့ အေျခခံ အက်ဆံုး အေနနဲ႕ အိမ္ကြင္းရလဒ္ေကာင္းေတြ ျပန္ယူဖို႔ စိတ္အားထက္သန္ေနတာပါ။

ခ်ယ္ဆီးအသင္းဟာ မနက္ျဖန္ တနဂၤေႏြေန႔မွာေတာ့ လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ အာဆင္နယ္အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္တစ္ေနရာ အဆင့္ ၄ အတြင္း ျမဲျမံေနဖို႔ ရလဒ္ေကာင္းေတြ ယူနုိင္ရန္ လိုအပ္ေနပါတယ္။