ဟာလန်း၊ ဖိုဒန် တို့ကို ကျော်ဖြတ်ပြီး မန်ချက်စတာစီးတီးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ကို ဒီဘရိုင်း ဆွတ်ခူး

မန်ချက်စတာ စီးတီး အသင်းရဲ့ ပရိသတ်များက ရွေးချယ် လိုက်တဲ့ ၂၀၂၂ခုနှစ် တစ်နှစ်တာ ကာလအတွင်း အကောင်းဆုံး ကစားသမား City Fan’s Footballer of the Year ဆုကို မန်စီးတီး ကွင်းလယ်ကစားသမား ကယ်ဗင် ဒီဘရိုင်း က အသင်းဖော်တွေကို ကျော်ဖြတ်ပြီး ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမား ဒီဘရိုင်းဟာ ၂၀၂၂ခုနှစ် တစ်နှစ်တာ ကာလအတွင်းမှာ မန်စီးတီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အသင်းဖော်တွေဖြစ်တဲ့ အာလင်းဟာလန်း၊ ဖီးလ်ဖိုဒန် ဂကန်ဆယ်လိုတို့ကို ကျော်ဖြတ်ပြီး အသင်းပရိသတ်ကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ရပါတယ်။

ဒီဘရိုင်း ဟာ သူရဲ့ အကွက်မြင်လွန်းလှတဲ့ ဘောလုံးပေးပို့မှုတွေ အားပါ ပြင်းထန်လွန်းလှတဲ့ ဂိုးကန်ချက်တွေနဲ့ အသင်းကို သွင်းဂိုးတွေ ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းကို နောက်ဆုံး ၅ နှစ်အတွင်း (၄)ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာစေခဲ့ပါတယ်။

ဒီဘရိုင်း ဟာ ၂၀၂၂ခုနှစ် တစ်နှစ်တာအတွင်းမှာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း(၃၀) ပါဝင်ထားခဲ့ကာ (၁၃)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၆)ဂိုးအထိ ဖန်တီးထားနိုင်ခဲ့အါတာ်။

ဒီဘရိုင်း ထက် ဒီနွေမှ အသင်းကို ရောက်လာခဲ့သူ ဟာလန်းက (၁၈)ပွဲမှာပဲ (၂၃)ဂိုးထိ သွင်းယူထားနိုင်ခဲ့လို့ ဒီဆုကို ဟာလန်း ရသင့်တယ်လို့ ထင်ရပေမယ့်လည်း ဒီဘရိုင်းနားက စီးတီးအတွက် ပိုပြီး အခရာကျတဲ့ ကစားသမား ဖြစ်နေသလို ဒီဘရိုင်း မပါဝင်နိုင်တဲ့ ပွဲတွေဆိုရင် စီးတီးက ပိုပြီး ရုန်းကန်ရတတ်ပါတယ်။

ဒါ့အပြင် ဒီဘရိုင်း ဟာ ၂၀၂၂ခုရဲ့ Ballon d’Or ဆုပေးပွဲမှာလည်း ထိပ်တန်း ကစားသမား(၃)ဦးစာရင်း ဘန်ဇီမာ မာနေးတို့ရဲ့နောက် တတိယနေရာနဲ့ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်နိုင်ငံ တစ်နိုင်ငံလုံးရှိ ပရိသတ်တွေ ရွေးချယ်တဲ့ Fan’s Footballer of the Year ဆု မှာတော့ ဒီဘရိုင်း ဟာ အဆင့်(၆)နေရာမှာပဲ ရပ်တည်နေခဲ့ရပြီး နယူးကာဆယ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဘရူနိုဂွီမာရေ့စ်က မဲအများဆုံးနဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။