မန်စီးတီး က လိဒ်စ် ယူနိုက်တက်ကို ဒီအပတ် ဘယ်နှဂိုးထိ သွင်းမလဲ သုံးသပ်ခန့်မှန်းခဲ့တဲ့ ခရစ်ဆက်တန်

ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်စချိန်မှာ မန်ချက်စတာ စီးတီးက လိစ်ဒ်ယူနိုက်တက် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်၊ ကြာသပတေးနေ့၊ ည ၂း၃၀ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က လိဒ်စ်နဲ့ မန်စီးတီး တို့ ပွဲစဉ် အတွက် သုံးသပ်လိုက်ပြီး စီးတီး ဘယ်နှဂိုးထိ သွင်းမလဲ ဆိုတာ ခန့်မှန်းသွားခဲ့ပါတယ်။

” ကြားရက်တုန်းက ကာရာဘောင်း ဖလားပွဲအဖြစ် လီဗာပူးကို ရင်ဆိုင်ရာမှာ မန်စီးတီးက တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးခဲ့ပါတယ်။ သူတို့က ပထမဆုံး ပွဲမှာတင် သေချာ ပြန်လုပ်လိုပုံရပါတယ်။

လိစ်ဒ် ကစားတာကို ကျနော် သဘောကျတယ်။ ပွဲတိုင်းမှာ သူတို့က အဆိပ်ရှိတဲ့ အသင်းဖြစ်တယ် ဆိုပေမယ့် မိနစ် ၉၀ လုံးအတွက် လုပ်နိုင်ဖို့တော့ ခက်ခဲပါတယ်။ စီးတီးလို အသင်းကို ရင်ဆိုင်ကစားရမယ့် သူတို့အတွက် စိတ်ပူမိတယ်။

ကစားသမားအဖြစ် ကစားဖို့ရာ နှစ်သက်ရတဲ့ အီလန်ရုဒ်ကွင်းမှာ ကောင်းမွန်တဲ့ အငွေ့အသက်တွေ ရှိနေမယ်ဆိုပေမယ့် သုံးသပ်သူအဖြစ် ပြောရရင် အဲ့တာတွေက လိစ်ဒ်ယူနိုက်တက်ကို အကူအညီ ပေးနိုင်မှာ မဟုတ်ပါဘူး။ ” လို့ ဆက်တန် က ဆိုပါတယ်။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ လိစ်ဒ်ယူနိုက်တက် ဝ-၄ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။

Zawgyi – ဒီအပတ္ ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စခ်ိန္မွာ မန္ခ်က္စတာ စီးတီးက လိစ္ဒ္ယူႏိုက္တက္ အသင္းနဲ႕ ေတြ႔ဆံုေနျပီး အေဝးကြင္းမွာ သြားေရာက္ ရင္ဆုိင္ရမွာပါ။ ဒီနွစ္သင္းဟာ လာမယ့္ ဒီဇင္ဘာလ ၂၈ ရက္၊ ၾကာသပေတးေန႔၊ ည ၂း၃၀ နာရီ အခ်ိန္မွာ ယွဥ္ျပိဳင္ၾကမွာ ျဖစ္ပါတယ္။

ဘီဘီစီ သတင္းဌာနမွ ခရစ္ဆက္တန္က လိဒ္စ္နဲ႕ မန္စီးတီး တို႔ ပြဲစဥ္ အတြက္ သံုးသပ္လုိက္ျပီး စီးတီး ဘယ္နွဂိုးထိ သြင္းမလဲ ဆိုတာ ခန္႔မွန္းသြားခဲ့ပါတယ္။

” ၾကားရက္တုန္းက ကာရာေဘာင္း ဖလားပြဲအျဖစ္ လီဗာပူးကို ရင္ဆိုင္ရာမွာ မန္စီးတီးက ေတာင့္တင္းတဲ့ လူစာရင္းကို ထုတ္သုံးခဲ့ပါတယ္။ သူတို႔က ပထမဆုံး ပြဲမွာတင္ ေသခ်ာ ျပန္လုပ္လိုပုံရပါတယ္။

လိစ္ဒ္ ကစားတာကို က်ေနာ္ သေဘာက်တယ္။ ပြဲတိုင္းမွာ သူတို႔က အဆိပ္ရွိတဲ့ အသင္းျဖစ္တယ္ ဆိုေပမယ့္ မိနစ္ ၉၀ လုံးအတြက္ လုပ္ႏိုင္ဖို႔ေတာ့ ခက္ခဲပါတယ္။ စီးတီးလို အသင္းကို ရင္ဆိုင္ကစားရမယ့္ သူတို႔အတြက္ စိတ္ပူမိတယ္။

ကစားသမားအျဖစ္ ကစားဖို႔ရာ ႏွစ္သက္ရတဲ့ အီလန္႐ုဒ္ကြင္းမွာ ေကာင္းမြန္တဲ့ အေငြ႕အသက္ေတြ ရွိေနမယ္ဆိုေပမယ့္ သုံးသပ္သူအျဖစ္ ေျပာရရင္ အဲ့တာေတြက လိစ္ဒ္ယူႏိုက္တက္ကို အကူအညီ ေပးႏိုင္မွာ မဟုတ္ပါဘူး။ ” လို႔ ဆက္တန္ က ဆိုပါတယ္။

ခရစ္ဆက္တန္ ရဲ႕ ခန႔္မွန္းရလဒ္ ကေတာ့ လိစ္ဒ္ယူႏိုက္တက္ ၀-၄ မန္ခ်က္စတာ စီးတီး ျဖစ္ပါတယ္။