မန်စီးတီး က အဲဗာတန်ကို ဘယ်နှဂိုးထိ ကြိတ်မလဲ ဟောကိန်းထုတ်လာတဲ့ ဘီဘီစီမှ ခရစ်ဆက်တန်
ဒီနှစ်ကုန် သီတင်းပတ် ပရီးမီးယားလိဂ်မှာ မန်စီးတီး အသင်းက အဲဗာတန်နဲ့ တွေ့မှာ ဖြစ်ပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ည ၉ နာရီ ခွဲ အချိန်မှာ ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က မန်စီးတီး နဲ့ အဲဗာတန် ပွဲစဉ် အတွက် သုံးသပ်ခန့်မှန်းထားပြီ ဖြစ်ရာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

” ကျနေ်ာ အဲဗာတန် အတွက် တကယ်ပဲ စိုးရိမ်မိပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ သူတို့ တစ်ပွဲပဲ နိုင်ထားပါတယ်။ ဒီလို အချိန်မှာ စီးတီးကို အီတီဟက်မှာ သွား ရင်ဆိုင်ရမှာက သူတို့ မကြုံချင်ဆုံး ကိစ္စပဲ ဖြစ်မှာပါ။
ဒီပွဲကို ဖရန့်လမ်းပတ်က ဘယ်လို ချဉ်းကပ်မလဲ? သူတို့ကတော့ ကြာနိုင်သမျှ ကြာကြာ ဂိုးမပေးရအောင် ထိန်းဖို့ပဲ လုပ်ရမှာပါ။ စောစောသာ ဂိုးပေးလိုက်ရရင် သူတို့ ကပ်ဆိုက်သလို ဖြစ်သွားမယ်။
မန်ချက်စတာ စီးတီး အတွက် တစ်ခုတည်းသော မေးခွန်း ထုတ်စရာက ဘယ်သူ ကစားမှာလဲ ဆိုတာဲ။ ပက် ကတော့ ဖန်တက်စီ ကစားတဲ့ သူတွေကို သီတင်းပတ်တိုင်း စိတ်ပျက်စရာတွေ ပေးနေတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူ ပွဲထွက်လာမလဲ ဆိုတာ မှန်းမရအောင် ဖြစ်နေလို့ပါ။
အဲဗာတန်နဲ့ ပွဲ အတွက် ပက်ဂွာဒီယိုလာက အသင်းကို အများကြီး အပြောင်းအလဲ လုပ်မယ်လို့တော့ မထင်ဘူး။ မန်စီးတီးက သူတို့ကို အပြတ် ချေမှုန်းနိုင်စွမ်း ရှိတယ်လေ။ ” လို့ ဆက်တန် က သုံးသပ်ထားပါတယ်။
ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်စီးတီး 5-0 အဲဗာတန် ဖြစ်ပါတယ်။
