အာဆင်နယ်ကနေ ဒီရက်ပိုင်းအတွင်း ထွက်ခွာလိုကြောင်း ဇာခါ အသိပေး

အာဆင္နယ္ ကြင္းလယ္ကစားသမား ဇာခါကေတာ့ အသင္းကေန အျမန္ဆုံး ထြက္ခြာခ်င္ေနၿပီလို႔ အသင္းကို အသိေပးထားေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။ ဇာခါက လာမယ့္ ၇၂ နာရီအတြင္းမွာပဲ အသင္းေျပာင္းဖို႔ ဆႏၵရွိေနပါတယ္။ ဇာခါကို လက္ရွိမွာ ဂ်ာမန္ ဘြန္ဒက္လီဂါကလပ္ ဟာသာဘာလင္အသင္းက ေခၚယူလိုေနျပီး ကစားသမားနဲ႕ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရထားတယ္လို႔ သိရပါတယ္။

အာဆင္နယ္ဘက္ကေတာ့ အသင္းေခါင္းေဆာင္ေဟာင္း ဇာခါ ကို လြယ္လြယ္နဲ႔ လက္မလႊတ္ခ်င္ပါဘူး။ ဒါေပမယ့္ ျပီးခဲ့တဲ့လပိုင္းက အသင္းပရိသတ္ေတြနဲ႔ အခ်င္းမ်ားခဲ့ျခင္းဟာ ဇာခါနဲ႔ အသင္းနဲ႔ၾကားမွာ အဖုအထစ္တစ္ခုေတာ့ ျဖစ္ခဲ့ပါတယ္။

ဇာခါ ဟာ အာဆင္နယ္အသင္းကို ၂၀၁၆ ခုႏွစ္မွာ မိုခ်န္ဂလာဘတ္အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ဒီႏွစ္ရာသီအစမွာ အသင္းေခါင္းေဆာင္အျဖစ္ ခန္႕အပ္ခံရသူပါ။ ဒါေပမဲ့ ပရိသတ္ေတြနဲ႔ ျပႆနာျဖစ္ၿပီးေနာက္မွာေတာ့ သူဟာ အသင္းေခါင္းေဆာင္ရာထူးကေန ျပန္လည္ ဖယ္ရွားခံထားရပါတယ္။

အာဆင္နယ္နည္းျပသစ္ ျဖစ္လာတဲ့ အာတီတာကေတာ့ ဇာခါဟာ သူႀကိဳက္တဲ့ ကစားသမားမ်ိဳးျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ ဒါ့အျပင္ ဇာခါကို အသင္းမွာ ဆက္ထိန္းထားဖို႔ ဆႏၵရွိတယ္လို႔လည္း သူက ေျပာဆိုထားတာပါ။

ဒါေပမယ့္ အသင္းကေန ထြက္ခြာလိုတဲ့ ကစားသမားရဲ႕ဆႏၵက ျပင္းထန္ေနတာမို႔ အာတီတာအတြက္လည္း ေခါင္းခဲစရာျဖစ္လာပါျပီ။ လက္ရွိ အာဆင္နယ္ ကြင္းလယ္မွာ ဇာခါ၊ ေတာ္႐ိုင္းရား ၊ ဂြမ္ဒူဇီတို႔ပဲ ရွိေနတာပါ။ ေတာ္႐ိုင္းရားကလည္း အသင္းေျပာင္းဖို႔ အသံထြက္ေနသူပါ။ ဒါေၾကာင့္ အာတီတာအေနနဲ႕ ဇာခါကို ရေအာင္ ထိန္းမလား ကစားသမားသစ္ အျမန္ ရွာေဖြနုိင္မလား ခ်ိန္ဆရေတာ့မွာ ျဖစ္ပါတယ္။

လန္ဒန္ သတင္းေတြ အရေတာ့ ဇာခါဟာ အာဆင္နယ္ပရိသတ္ေတြရဲ႕ ေဝဖန္မႈျပင္းထန္မႈကို စိတ္ဆိုးေဒါသ ျဖစ္ေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အာဆင္နယ္ အသင္းအတြက္ မကစားေပးခ်င္ေတာ့ဘဲ အသင္းေျပာင္းဖို႔ကိုသာ ဆႏၵရွိေနတာပါ။ အာဆင္နယ္အသင္းနဲ႕ အာတီတာ အေနနဲ႔လည္း ဇာခါရဲ႕ အေနအထားအေပၚ အျမန္ဆုံးေျဖရွင္းဖို႔ လိုအပ္ေနပါျပီ။

အာဆင္နယ္အသင္းဟာ ဇာခါကို တားဆီးမရပါက ကြင္းလယ္ကစားသမား အတြက္ ေပါင္သန္း ၄၀ ဝန္းက်င္နဲ႕ ေရာင္းခ်ဖို႔ သတ္မွတ္ ထားၿပီးၿပီလို႔ သိရပါတယ္။ အာတီတာဟာ ဇာခါ ထြက္ခြါရင္ ကစားသမားအသစ္ေတြကို အျမန္ဆုံးေခၚယူဖို႔လည္း ျပင္ဆင္ေနရပါတယ္။

Unicode – အာဆင်နယ် ကွင်းလယ်ကစားသမား ဇာခါကတော့ အသင်းကနေ အမြန်ဆုံး ထွက်ခွာချင်နေပြီလို့ အသင်းကို အသိပေးထားကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ ဇာခါက လာမယ့် ၇၂ နာရီအတွင်းမှာပဲ အသင်းပြောင်းဖို့ ဆန္ဒရှိနေပါတယ်။ ဇာခါကို လက်ရှိမှာ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်အသင်းက ခေါ်ယူလိုနေပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားတယ်လို့ သိရပါတယ်။

အာဆင်နယ်ဘက်ကတော့ အသင်းခေါင်းဆောင်ဟောင်း ဇာခါ ကို လွယ်လွယ်နဲ့ လက်မလွှတ်ချင်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းက အသင်းပရိသတ်တွေနဲ့ အချင်းများခဲ့ခြင်းဟာ ဇာခါနဲ့ အသင်းနဲ့ကြားမှာ အဖုအထစ်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။

ဇာခါ ဟာ အာဆင်နယ်အသင်းကို ၂၀၁၆ ခုနှစ်မှာ မိုချန်ဂလာဘတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒီနှစ်ရာသီအစမှာ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသူပါ။ ဒါပေမဲ့ ပရိသတ်တွေနဲ့ ပြဿနာဖြစ်ပြီးနောက်မှာတော့ သူဟာ အသင်းခေါင်းဆောင်ရာထူးကနေ ပြန်လည် ဖယ်ရှားခံထားရပါတယ်။

အာဆင်နယ်နည်းပြသစ် ဖြစ်လာတဲ့ အာတီတာကတော့ ဇာခါဟာ သူကြိုက်တဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါ့အပြင် ဇာခါကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိတယ်လို့လည်း သူက ပြောဆိုထားတာပါ။

ဒါပေမယ့် အသင်းကနေ ထွက်ခွာလိုတဲ့ ကစားသမားရဲ့ဆန္ဒက ပြင်းထန်နေတာမို့ အာတီတာအတွက်လည်း ခေါင်းခဲစရာဖြစ်လာပါပြီ။ လက်ရှိ အာဆင်နယ် ကွင်းလယ်မှာ ဇာခါ၊ တော်ရိုင်းရား ၊ ဂွမ်ဒူဇီတို့ပဲ ရှိနေတာပါ။ တော်ရိုင်းရားကလည်း အသင်းပြောင်းဖို့ အသံထွက်နေသူပါ။ ဒါကြောင့် အာတီတာအနေနဲ့ ဇာခါကို ရအောင် ထိန်းမလား ကစားသမားသစ် အမြန် ရှာဖွေနိုင်မလား ချိန်ဆရတော့မှာ ဖြစ်ပါတယ်။

လန်ဒန် သတင်းတွေ အရတော့ ဇာခါဟာ အာဆင်နယ်ပရိသတ်တွေရဲ့ ဝေဖန်မှုပြင်းထန်မှုကို စိတ်ဆိုးဒေါသ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အာဆင်နယ် အသင်းအတွက် မကစားပေးချင်တော့ဘဲ အသင်းပြောင်းဖို့ကိုသာ ဆန္ဒရှိနေတာပါ။ အာဆင်နယ်အသင်းနဲ့ အာတီတာ အနေနဲ့လည်း ဇာခါရဲ့ အနေအထားအပေါ် အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်နေပါပြီ။

အာဆင်နယ်အသင်းဟာ ဇာခါကို တားဆီးမရပါက ကွင်းလယ်ကစားသမား အတွက် ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ရောင်းချဖို့ သတ်မှတ် ထားပြီးပြီလို့ သိရပါတယ်။ အာတီတာဟာ ဇာခါ ထွက်ခွါရင် ကစားသမားအသစ်တွေကို အမြန်ဆုံးခေါ်ယူဖို့လည်း ပြင်ဆင်နေရပါတယ်။