ဧရိယာထဲ ၈ ယောက်ထိ ဆင်း ခံစစ်ကစားတဲ့ အဲဗာတန် ရဲ့ ဗျူဟာအား ခနဲ့လိုက်တဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီး အသင်းဟာ မနေ့ညက အီတီဟတ်မှာ အဲဗာတန်နဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းနဲ့ ၇ မှတ်ထိ ကွာဟသွားခဲ့ရပါတယ်။ နည်းပြ ပက်ဂွာဒီယိုလာ ကတော့ ညကပွဲအပြီးမှာ ပြိုင်ဘက်အဲဗာတန်ကို တိုက်ခိုက်ပြောဆိုမှု လုပ်သွားခဲ့ပါတယ်။
နည်းပြ ဂွာဒီယိုလာဟာ သူ့အသင်းရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ကာကွယ်ပြောဆိုသွားခဲ့ကာ အဲဗာတန်ရဲ့ နည်းဗျူဟာတေ အပေါ် မပျော်မရွှင် ဖြစ်နေခဲ့ပြီး ခံစစ်ချည်း ပိတ် ကစားသွားတယ်လို့ ဆိုခဲ့ပါတယ်။
ဂွာဒီယိုလာက “အဲဗာတန် က သူတို့ ဂိုး ဧရိယာ ၁၈ ကိုက်စည်းထဲမှာ ခံစစ်ကစားသမား ၈ ဦး ထိ ထား ကစားခဲ့တယ်လို့ ကျနော် ပြောနိုင်ပါတယ်။ သူတို့ ကစားတာက လီဗာပူး ကစားဟန်နဲ့ မတူကွဲပြားပါတယ်။
ဒီလို အချိန်မှာ အရေးကြီးဆုံးအရာ ကတော့ ရွေ့လျားမှုတွေနဲ့ မှန်ကန်တဲ့အချိန်မှာ တိုက်စစ်ဆင်သွားတာပါ။ ယေဘူယျအားဖြင့် ကျနော်တို့ ဒီလို လုပ်ခဲ့ပါတယ်။
သူတို့ကို တန်ပြန်တိုက်စစ်ဆင်ခွင့် မရအောင်လည်း တားဆီးနိုင်ခဲ့ပါတယ်။ သူတို့ဟာ တအားကောင်းတဲ့ဂိုးကို သွင်းယူခဲ့ကာ ဒီလိုမျိုး ဖြစ်သွားခဲ့တဲ့အခါ သူတို့ကို ဂုဏ်ပြုသွားရမှာပါ။ ဒါပေမယ့်လည်း ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။” လို့ပြောဆိုသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲ နဲ့ ပြိုင်ပွဲ ပြီးဆုံးဖို့ဆိုတာ အများကြီး လိုအပ်နေသေးပြီး ဂန်းနားတို့ဟာ လာမည့်ပွဲစဉ် ၆ ပွဲမှာ နယူးကာဆယ် တော့တင်ဟမ် မန်ယူနိုက်တက် မန်စီးတီး တို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။
စီးတီးနဲ့ အာဆင်နယ် တို့ ထိပ်တိုက်တွေ့ဆုံမယ့် ၂ ပွဲဟာ ချန်ပီယံ ဆု အတွက် တအားကို အရေးပါမှာ ဖြစ်ပြီး တခြား ပွဲစဉ်တွေမှာလည်း အမှတ်လျော့၊ ခြေမချော်ဖို့ လိုအပ်နေပါတယ်။