လူသစ် သဘောတူညီမှု ရခြင်း၊ ချစ်သူနဲ့ လမ်းခွဲဖို့ တောင်းဆိုခံနေရတဲ့ အဲဗာရက်စ်နဲ့ နောက်ဆုံးရ မန်စီးတီး သတင်းများ

မန်စီးတီးဟာ အာဂျင်တီးနားကလပ် Vélez အသင်းမှ လူငယ်စတား Máximo Perrone ကို ဒေါ်လာ ၈ သန်းဖြင့် ခေါ်ယူရေး အပြီးသတ် သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ သူတို့ရဲ့ ဘယ်ခြမ်း အစွန်လူနေရာကို ရေရှည် အစားထိုးဖို့ရာ ဝုဗ်အသင်းမှ အသက် ၂၁ နှစ်အရွယ် နိုရီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ကမ္ဘာ့ဖလားနောက်ပိုင်း မန်စီးတီးရဲ့ စွမ်းဆောင်ရည်ဟာ ပက်ဂွာဒီယိုလာ အနေနဲ့ စာချုပ်သစ်ချုပ်တာ မှန်ကန် ခဲ့ကြောင်း၊ သူ့အသင်းဟာ ဖလားပြိုင်ပွဲမှာ အာဆင်နယ်ကို အမီလိုက်ဖို့ သန္နိဌာန်ချထားကြောင်းအပေါ် သူ့ရဲ့ ယုံကြည်မှုကို ခိုင်မာစေခဲ့ပါတယ်။
မန်စီးတီး တိုက်စစ်မှုးလေး ဂျူလီယန် အဲဗာရက်စ် ကို ချစ်သူနဲ့ လမ်းခွဲပြတ်ဆဲဖို့ အွန်လိုင်းမှာ ကမ့်ပိန်းနဲ့ တောင်းဆိုမှုတွေ ရှိနေပြီး လူ၂သောင်းကျော်က လက်မှတ်ရေးထိုးထားပြီ လို့ သိရပါတယ်။
တောင်အမေရိက ဘောလုံးကြယ်ပွင့်တွေကို ကင်းထောက် နေတဲ့ မန်စီးတီး ဟာ အာဂျင်တီးနား ကလပ် ဗဲလက်စ် အသင်းရဲ့ ကြယ်ပွင့် ကစားသမားလေး မက်ဆီမို ပါရုန်း ကို ခေါ်ယူ နိုင်ဖို့ နီးစပ် နေပြီလို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ်။
အက်စတွန်ဗီလာ အသင်း နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အဘွန်လဟော် က လက်ရှိ ခြေစွမ်း အရဆို အာဆင်နယ် အသင်း ရဲ့ အသင်း ခေါင်းဆောင် မာတင် အော်ဒီဂတ် ဟာ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်း ထက် ပိုကောင်းနေတယ်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဆု ကို ဟာလန်း၊ လူငယ်ဆု ကို အာဆင်နယ်မှ ဆာကာ တို့ကို ခုတည်းက ဆုပေးလို့ ရနေပြီ ဖြစ်ကြောင်း သရဲနီဟောင်း ဖာဒီနန်က ဆိုခဲ့ပါတယ်။