မနက်ဖြန် ချယ်ဆီး – မန်စီးတီးတို့ ပွဲစဉ် အတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်
မန်ချက်စတာစီးတီး အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီး အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း စတန်းဖို့ဘရစ်ချ်မှာ သွားရောက် ရင်ဆိုင် ကစားမှာပါ။ ပွဲချိန်ကတော့ လာမယ့် ဇန်နဝါရီလ ၆ ရက်၊ သောကြာနေ့ နံနက် ၂း၃ဝ နာရီ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ချယ်ဆီးနဲ့ မန်စီးတီး တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ကျနော် ဂရေဟမ် ပေါ်တာကို သဘောကျပါတယ်။ စတမ်းဖိုဒ့်ဘရစ်ချ်မှာ သူအောင်မြင်တာကို ကျနော် မြင်ချင် ပါတယ်။ ဒါပေမယ့် ချယ်ဆီးပရိသတ်တွေကတော့ သူ့လက်ထက် မြင်နေရတဲ့ ပုံစံတွေအတွက် စိုးရိမ်နေကြမှာပါ။
ဖောရက်စ်ကို ရင်ဆိုင်တဲ့ပွဲမှာ ချယ်ဆီးက ကံကောင်းလို့ ၁ မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့တာပါ။ ဒါပေမယ့် ရလဒ်ထက် သူတို့ရဲ့ အခြေအနေက ပြဿနာ ဖြစ်နေပါတယ်။
ကျနော်က ပေါ်တာ ပရိသတ် ဆိုပေမယ့် သူတို့အသင်းမှာ ဘယ်လို ကစားဟန်၊ ဘယ်လို ပုံစံတွေဖြင့် အားထုတ်မယ် ဆိုတာမျိုး မမြင်ရဘူး။ စီးတီးကို ရင်ဆိုင်ရာမှာ သူတို့ ပိုပြီး တိုက်ခိုက်နိုင်ဖို့ လိုပါတယ်။
ဂွာဒီယိုလာရဲ့ အသင်းဟာ အဲဗာတန်ကို သရေကျခဲ့တဲ့ ရလဒ်အတွက် ဒေါသတွေဖြင့် ဒီပွဲကို ယှဉ်ပြိုင်လာကြမှာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းက ပွဲချိန်တွင်းမှာ ခြိမ်းခြောက်မှုတွေ ပြုလုပ်မှာဖြစ်ပေမယ့် သူတို့ရဲ့ ခံစစ်ပိုင်းက မန်စီးတီးရဲ့ လွှမ်းမိုးခြင်းကို ရင်ဆိုင်သွားရမှာပါပဲ။ ” လို့ သုံးသပ် ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ဝ-၃ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။
