ယခင် သရေပွဲကနေ ရုန်းထပြီး မန်စီးတီး ပြန် တုန့်ပြန်မယ့် ပွဲလို့ ချယ်ဆီးနဲ့ ပွဲကို သုံးသပ်သွားတဲ့ ဆရာကြီး လော်ရိုး

မန်ချက်စတာစီးတီး အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီး အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း စတန်းဖို့ဘရစ်ချ်မှာ သွားရောက် ရင်ဆိုင် ကစားမှာပါ။

ဝါရင့် ဘောလုံးပွဲ သုံးသပ်ဆရာကြီး လော်ရိုး က ချယ်ဆီးနဲ့ မန်စီးတီး တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

” နည်းပြ ဂရေဟမ် ပေါ်တာက သူ့ရဲ့ အကောင်းဆုံး အသင်း၊ အကောင်းဆုံး ကစားကွက်ကို အခုထိ မသိသေးဘဲ ဖိအားတွေ အောက်မှာ ရှိနေပါတယ်။

မန်စီးတီးက အဲဗာတန်ကို သရေ ကျခဲ့ပေမယ့်လို့ ဒီလိုပွဲကနေ တုန့်ပြန်နိုင်အောင် ကြိုးစားမှာပါ။ သူတို့ တုန့်ပြန် ပြနိုင်ပါလိမ့်မယ်။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုးရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၁ – ၂ မန်စီးတီး ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ မနက်ဖြန် ည/ ဇန်နဝါရီလ ၆ ရက်၊ သောကြာနေ့ နံနက် ၂း၃ဝ နာရီ ဖြစ်ပါတယ်။

Zawgyi

မန်ချက်စတာစီးတီး အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီး အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း စတန်းဖို့ဘရစ်ခ်ျမှာ သွားရောက် ရင်ဆိုင် ကစားမှာပါ။



