မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့ ကာကွယ်ဖို့ အားပိုကောင်းလာပြီးနောက် ဂန်းနားတွေကို ဂျွန်စတုန်း သတိပေး
မနေ့ညကပွဲမှာ မန်စီးတီးက ချယ်ဆီး ကို အနိုင်ကန်ကာ ရမှတ် ၃မှတ် အပြည့် ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၅မှတ်သာ ကွာဟပါတော့တယ်။
ဒါ့အပြင် မန်စီးတီးဟာ အာဆင်နယ်နဲ့ ကစားရမယ့် အမှတ်ပေးပွဲ ၂ပွဲ အထိ ကျန်နေသေးတာကြောင့် သူတို့ရဲ့ ဆုဖလား ကာကွယ်ရေး မျှော်လင့်ချက်က ပိုမို အားကောင်းလာခဲ့ပါတယ်။
မနေ့က ပွဲအပြီးမှာ မန်စီးတီးရဲ့ အဓိက ဗဟိုခံစစ်မှူး ဂျွန်စတုန်းက သူတို့ဟာ ချန်ပီယံဆု အတွက် မှန်ကန်တဲ့ လမ်းကြောင်း တစ်ခု အပေါ် ပြန်ရောက်နေကြောင်း၊ ရာသီကုန်ဖို့ ပွဲတွေ အများကြီး လိုသေးတာကြောင့် အာဆင်နယ် သတိထားနေဖို့ လိုကြောင်း သတိပေးလိုက်ပါတယ်။

ဂျွန်စတုန်း က ”ကျွန်တော်တို့က အမှတ်ပေးဇယားကို အာရုံ မစိုက်ပါဘူး။ ပွဲမစခင်တည်းက မန်နေဂျာကပဲ ဒီပွဲ ပြီးရင်လည်း ၆၆ မှတ်ဖိုး ဆက်ပြီး ယှဉ်ပြိုင်ရဦးမယ်ဆိုတာကို သတိပေးထား ပါတယ်။
ကျွန်တော်တို့ ခရီးရှည်ကြီး သွားရဦးမှာဖြစ်သလို တစ်ပွဲချင်းပဲ ရလဒ်ကောင်းရအောင် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဒီ အခိုက်အတန့်ကောင်းတွေကို ထိန်းသိမ်းရမယ်။ ဒီနေ့လို စွမ်းဆောင်ရည်ကို ဆက်ပြီး ပြသနိုင်မယ်ဆိုရင် ရာသီကုန်မှာ ချန်ပီယံဆုအတွက် တိုက်ပွဲ ဝင်နိုင်ဖို့ ကျွန်တော်တို့အခွင့်အရေးရလာမှာ သေချာပါတယ်” လို့ ပြောဆို လိုက်ပါတယ
လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ မန်စီးတီးက အိုးထရတ်ဖိုဒ့် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပြီး ထို အပတ်မှာပဲ အာဆင်နယ်က စပါးနဲ့ မြောက်လန်ဒန် ဒါဘီပွဲ ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။
