မန်ယူနိုက်တက်ကို နိုင်တဲ့ပွဲမှ အာဆင်နယ် ရရှိခဲ့တဲ့ မှတ်တမ်းကောင်းများ
နိုင္ပြဲ မရွိေသးတဲ့ အာဆင္နယ္နည္းျပသစ္ အာတီတာဟာ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ အေတြ႔မွာေတာ့ ပြဲဦးထြက္ နုိင္ပြဲ ေကာင္း ရယူနုိင္ခဲ့ပါတယ္။ ဒီပြဲမွာ ပီပီ ေျခစြမ္းျပခဲ့တဲ့ အျပင္ ခံစစ္ကလည္း ဂိုးမေပးခဲ့ရတာေၾကာင့္ ျပီးျပည့္စံုတဲ့ နုိင္ပြဲ ျဖစ္ခဲ့ပါတယ္။ ထိုနိုင္ပြဲမွာ ထူးထူးျခားျခား မွတ္တမ္းေကာင္းေလးေတြလည္း ရရွိထားပါတယ္။
အာဆင္နယ္နဲ႔ မန္ယူအသင္းတို႔ရဲ႕ ဂိုးေပါက္ကန္ခ်က္ဟာ ၁၀ ၾကိမ္စီရွိခဲ့ျပီး ၄ ၾကိမ္စီ ႏွစ္ဖက္လံုး တည္႔ခဲ့ပါတယ္။ ဒါေပမယ့္ အာဆင္နယ္ ဟာ ထို ၄ၾကိမ္မွာ ၂ ၾကိမ္ကို ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့သလို ဒီရာသီ ဂိုးေပါက္တည္မႈ ကေန ဂိုးအျဖစ္ အမ်ားဆံုး ေျပာင္းလဲႏိုင္ခဲ့တဲ့႔ ပြဲျဖစ္ခဲ့ပါတယ္။ ကန္ခ်က္ ၄ၾကိမ္ ကေန ၂ဂိုးရခဲ့တဲ့အတြက္ ဂိုးရရွိမႈ ၅၀ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။
ဒီရာသီအာဆင္နယ္အသင္းရခဲ့တဲ့ သြင္းဂိုးေတြဟာ ေထာင့္ကန္ေဘာကေန ဆင္းသက္လာတာျဖစ္ျပီး၊ တိုက္ရိုက္ျဖစ္ေစ၊ သြယ္၀ိုက္ျဖစ္ေစ ဆက္စပ္ျပီး ဂိုးသြင္းမႈဟာ (၈)ဂိုးတိတိရွိလာခဲ့ပါျပီ။ ဒါက ပရီးမီးယားလိဂ္မွာအမ်ားဆံုးျဖစ္ျပီး က်န္တဲ့အသင္းေတြဟာ အာဆင္နယ္ေအာက္ (၂)ဂိုးေလ်ာ႕အေနအထားနဲ႔ပဲ ရွိေနပါတယ္။
အာဆင္နယ္ကိုေရာက္ျပီးကတည္းက ေျခစြမး္ျပဖို႔ရုန္းကန္ေနရတဲ့ ပီပီဟာ မန္ယူအသင္းဘက္ကို ဘယ္ေျခနဲ႔ဂိုးသြင္းႏုိင္အျပီးမွာ ျပီးခဲ့တဲ့ ရာသီကေန အခု အထိ ဘယ္ေျခနဲ႔သြင္းဂိုး ၂၄ ဂိုး တိတိ ရွိလာခဲ့ျပီျဖစ္ပါတယ္။ မိုဟာမက္ ဆာလက္နဲ႔အတူတူ အေနအထားျဖစ္ျပီး လက္ရွိမွာသူတို႔ႏွစ္ဦးထက္သာတာမက္ဆီ ၄၅ ဂိုးပဲရွိပါတယ္။
မန္ယူကို အႏုိင္ရခဲ့တဲ့ ပြဲစဥ္ဟာ အိမ္ကြင္းပြဲစဥ္ျဖစ္တဲ့အတြက္ အာဆင္နယ္အသင္းရဲ႕အဆိုးရြားဆံုး အိမ္ကြင္းမွတ္တမ္း (၉)ပြဲ ဆက္ နိုင္ပြဲ ေပ်ာက္ဆံုးမႈကို ရပ္တန္႔ႏုိင္ခဲ့ပါတယ္။ တကယ္လို႔သာ မန္ယူကို မနုိင္ခဲ့ရင္ သမိုင္းတေလွ်ာက္ အဆိုးဆံုး အိမ္ကြင္း မွတ္တမ္း ရရွိေတာ့မွာ ျဖစ္ပါတယ္။
ပီပီဟာ ပြဲထြက္အေနနဲ႔ကစားခဲ့ရတဲ့ လန္ဒန္ျမိဳ႕က ပြဲစဥ္ ၅ ပြဲစလံုးမွာ ဂိုးသြင္းထားႏုိင္ပါတယ္။ မန္ယူနဲ႔ပြဲက အမ္းမရိတ္အိမ္ကြင္း ၄ ပြဲအပါ၀င္ က်န္တဲ့တစ္ပြဲကေတာ့ လန္ဒန္ ေဘာလံုးကြင္းမွာ ဂိုးသြင္းထားတာပါ။ ထိုပြဲအားလံုး ပြဲထြက္အေနနဲ႔ျဖစ္ျပီး လန္ဒန္ျမိဳ႕က ကြင္းတိုင္းမွာ ဂိုးသြင္း ထားႏုိင္ပါတယ္။

Unicode – နိုင်ပွဲ မရှိသေးတဲ့ အာဆင်နယ်နည်းပြသစ် အာတီတာဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ အတွေ့မှာတော့ ပွဲဦးထွက် နိုင်ပွဲ ကောင်း ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ပီပီ ခြေစွမ်းပြခဲ့တဲ့ အပြင် ခံစစ်ကလည်း ဂိုးမပေးခဲ့ရတာကြောင့် ပြီးပြည့်စုံတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ ထိုနိုင်ပွဲမှာ ထူးထူးခြားခြား မှတ်တမ်းကောင်းလေးတွေလည်း ရရှိထားပါတယ်။
အာဆင်နယ်နဲ့ မန်ယူအသင်းတို့ရဲ့ ဂိုးပေါက်ကန်ချက်ဟာ ၁၀ ကြိမ်စီရှိခဲ့ပြီး ၄ ကြိမ်စီ နှစ်ဖက်လုံး တည့်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် ဟာ ထို ၄ကြိမ်မှာ ၂ ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သလို ဒီရာသီ ဂိုးပေါက်တည်မှု ကနေ ဂိုးအဖြစ် အများဆုံး ပြောင်းလဲနိုင်ခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ကန်ချက် ၄ကြိမ် ကနေ ၂ဂိုးရခဲ့တဲ့အတွက် ဂိုးရရှိမှု ၅၀ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ဒီရာသီအာဆင်နယ်အသင်းရခဲ့တဲ့ သွင်းဂိုးတွေဟာ ထောင့်ကန်ဘောကနေ ဆင်းသက်လာတာဖြစ်ပြီး၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်စပ်ပြီး ဂိုးသွင်းမှုဟာ (၈)ဂိုးတိတိရှိလာခဲ့ပါပြီ။ ဒါက ပရီးမီးယားလိဂ်မှာအများဆုံးဖြစ်ပြီး ကျန်တဲ့အသင်းတွေဟာ အာဆင်နယ်အောက် (၂)ဂိုးလျော့အနေအထားနဲ့ပဲ ရှိနေပါတယ်။
အာဆင်နယ်ကိုရောက်ပြီးကတည်းက ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ ပီပီဟာ မန်ယူအသင်းဘက်ကို ဘယ်ခြေနဲ့ဂိုးသွင်းနိုင်အပြီးမှာ ပြီးခဲ့တဲ့ ရာသီကနေ အခု အထိ ဘယ်ခြေနဲ့သွင်းဂိုး ၂၄ ဂိုး တိတိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ မိုဟာမက် ဆာလက်နဲ့အတူတူ အနေအထားဖြစ်ပြီး လက်ရှိမှာသူတို့နှစ်ဦးထက်သာတာမက်ဆီ ၄၅ ဂိုးပဲရှိပါတယ်။
မန်ယူကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့အတွက် အာဆင်နယ်အသင်းရဲ့အဆိုးရွားဆုံး အိမ်ကွင်းမှတ်တမ်း (၉)ပွဲ ဆက် နိုင်ပွဲ ပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ တကယ်လို့သာ မန်ယူကို မနိုင်ခဲ့ရင် သမိုင်းတလျှောက် အဆိုးဆုံး အိမ်ကွင်း မှတ်တမ်း ရရှိတော့မှာ ဖြစ်ပါတယ်။
ပီပီဟာ ပွဲထွက်အနေနဲ့ကစားခဲ့ရတဲ့ လန်ဒန်မြို့က ပွဲစဉ် ၅ ပွဲစလုံးမှာ ဂိုးသွင်းထားနိုင်ပါတယ်။ မန်ယူနဲ့ပွဲက အမ်းမရိတ်အိမ်ကွင်း ၄ ပွဲအပါဝင် ကျန်တဲ့တစ်ပွဲကတော့ လန်ဒန် ဘောလုံးကွင်းမှာ ဂိုးသွင်းထားတာပါ။ ထိုပွဲအားလုံး ပွဲထွက်အနေနဲ့ဖြစ်ပြီး လန်ဒန်မြို့က ကွင်းတိုင်းမှာ ဂိုးသွင်း ထားနိုင်ပါတယ်။
