စီးတီး အသင်းသားတွေအား မန်ချက်စတာ ဒါဘီပွဲ အတွက် ကြိုတင် ဝမ်နင်ပေးလိုက်တဲ့ ပက် ဂွာဒီယိုလာ

ပက် ဂွာဒီယိုလာ က အကယ်လို့များ သူတို့သာ ဆောက်သမ်တန်နဲ့ ပွဲစဉ်ကလိုမျိုး ခြေစွမ်း ထပ်မံပြခဲ့မယ် ဆိုရင် လာမည့် စနေနေ့ မန်ချက်စတာဒါဘီမှာ လုံး၀ အခွင့်အရေး ရှိမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။
စီးတီးဟာ မနေ့ညက ဆောက်သမ်တန်နဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပွဲအစအဆုံး ကစားပုံ ဆိုးရွားခဲ့ပြီး အထူးသဖြင့် ပထမပိုင်းမှာ ဘောလုံး ပေးပို့မှု အမှားတွေ အများကြီး ဖြစ်ခဲ့တဲ့ အပြင် ပေါ့လျော့တဲ့ ကစားပုံကနေ ၂ ဂိုး ခွင့်ပြုခဲ့ရပါတယ်။
ဂွာဒီယိုလာက သူ့ရဲ့အသင်းသာ ဆောက်သမ်တန်နဲ့ ပွဲစဉ်ကလိုမျိုး ထပ်ကစားသွားခဲ့မယ် ဆိုရင် ယူနိုက်တက်တို့ ဒါဘီမှာ အနိုင်ရမယ် လို့ သတိပေးစကား ဆိုခဲ့ပါတယ်။
ပက်က “လာမည့် ပွဲစဉ်ဟာ မတူညီတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ဒီပုံစံမျိုး ထပ်ကစားသွားခဲ့မယ် ဆိုရင် လုံး၀ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး။ ယူနိုက်တက်တို့ ဒီအချိန်မှာ ဘယ်လို အခိုက်အတန့်ကို ပိုင်ဆိုင်နေသလဲ ဆိုတာ ကျနော် သိပါတယ်။
နှစ်ပေါင်းများစွာ သူတို့ဟာ ဒီလို အနေအထားမှာ ရှိနေဖို့ အတွက် မျှော်လင့်နေခဲ့တာပါ။ ကျနော်တို့ ဒီထက် ပိုကောင်းအောင် ကစားသွားရန် ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။ ကျနော်တို့ ဒီလို လုပ်ဖို့ ကြိုးစားသွားမှာပါ။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ မန်ယူနဲ့ မန်ချက်စတာ ဒါဘီပွဲကို လာမယ့် စနေနေ့ည မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။