ပို ပိုပြီး ကောင်းလာတဲ့ မန်ယူကို မန်စီးတီး မနိုင်ဘူး ဆိုတဲ့ ပေါမာဆန်ရဲ့ ဟောကိန်းထုတ်မှု

ဒီအပတ် မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး တို့ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့တဲ့ မန်ချက်စတာ ဒါဘီပွဲ အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန် က အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။
” ဒီပွဲကတော့ ပွဲကောင်းပါ။ မန်ချက်စတာ စီးတီးက ပွဲကြပ်နေတယ်။ သူတို့ စနေနေ့မှာ ကစားဖို့ သောကြာနေ့မှာ လေ့ကျင့်ရဦးမှာပါ။ ယူနိုက်တက်ကလည်း မန်စီးတီးနဲ့ မတွေ့တာ အတော်ကြာမှ ပြန်ရင်ဆိုင်ရခြင်း ဖြစ်ပြီး ခြေကလည်း ကောင်းနေပါတယ်။ ယူနိုက်တက် က ယုံကြည်မှု အပြည့်နဲ့ ကစားနေတာပါ။
များသော အားဖြင့်ဆို မန်စီးတီးက ယူနိုက်တက်ကို အပြတ်ချေမှုန်းဖို့ မျှော်လင့်ရတာပါ။ ဒါပေမယ့် အခုနေမှာတော့ ယူနိုက်တက်က ဂိုးမသွင်းစရာကို မမြင်ဘူး။ ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ ပွဲတုန်းကလိုသာ ကစားရင် သူတို့ အခွင့်ရေးတွေ ရဦးမှာပါ။ အဲဒီလို မဟုတ်ဘဲ ခံစစ် ထိုင် ကစားမယ်ဆိုရင် စီးတီးက ရအောင် ဖြိုခွဲပါလိမ့်မယ်။
အာလင်း ဟာလန်းကတော့ ခံစစ်ပိုင်း ဝင်မပါတဲ့ တိုက်စစ်မှုး စစ်စစ်ပါပဲ။ စီးတီးအသင်းသားတွေကလည်း ဘောလုံးကို ဟာလန်း ရအောင် ဧရိယာထဲ တင်ပေးဖို့ပဲ လုပ်နေကြတာပါ။ ဒါက သူ ဂိုး မသွင်းနိုင်ဘူး ဆိုရင် ပြသနာ ဖြစ်လာနိုင်ပါတယ်။ ပြိုင်ဘက်တွေက အထာနပ်လာရင် ဟာလန်းကို လှုပ်မရအောင် ကပ်ထားပါလိမ့်မယ်။
လာမယ့် ပွဲစဉ် ၂ ပွဲက မန်ချက်စတာ ယူနိုက်တက်ရဲ့ အခြေအနေကို ပုံပေါ်လာစေမယ်လို့ ကျနော် ထင်တယ်။ လာမယ့် ၂ ပွဲကနေ ၄ မှတ်ရရင် သူတို့ အမှတ်ပေးဖလား စိန်ခေါ်နိုင်မယ့် ထဲ ပါလာမှာပါ။ ၂ပွဲလုံး သရေ ကျရင်တော့ မရပါဘူး။
ယူနိုက်တက်က ပို ပိုပြီး ကောင်းလာနေတယ်။ ဖာနန်ဒက်စ်ကလည်း လုံးဝ မတူတဲ့ ကစားသမားလို ဖြစ်နေပြီ။ ရက်ဖို့ဒ် ကလည်း သူ့ ကစားသမား ဘဝ အကောင်းဆုံး ခြေမျိုးကို ပြနေတာ။ မန်ချက်စတာ ယူနိုက်တက်က ကောင်တာ တိုက်စစ် ကောင်းပြီး ဒီအပတ် စီးတီးကို ခံစားသွားရအောင် လုပ်နိုင်စွမ်း ရှိနေတယ်။ ” လို့ သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ် က မန်ချက်စတာ ယူနိုက်တက် ၂-၂ မန်စီးတီး ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ ည ၇ နာရီမှာ ဖြစ်ပါတယ်။