မန်ချက်စတာ ဒါဘီပွဲမှာ ဘယ်အသင်း အနိုင်ရသွားမလဲ ခန့်မှန်းလိုက်တဲ့ အီဗရာ

ဒီကနေ့မှာတော့ မန်ချက်စတာ ဒါဘီပွဲစဉ် အဖြစ် မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

ယူနိုက်တက်ဟာ ဒီရာသီ အိမ်ကွင်း မာကျောမှုကို ပြသနေပြီး ရာသီစက ဘရိုက်တန်ကို အရေးနိမ့်တဲ့ပွဲအပြီး လုံးဝ ရှုံးပွဲ မရှိသေးပါဘူး။ မန်စီးတီးကလည်း ခြေစွမ်းကောင်းပေမယ့် အခြားသော ဘောလုံးရာသီတွေတုန်းကလို မဟုတ်ဘဲ ဒီပွဲမှာ အင်အားတောင့်တင်းတဲ့ ယူနိုက်တက်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာဒါဘီ ပွဲစဉ်နဲ့ ပတ်သက်လို့ အီဗရာက ‘ ကျနော်တို့ စီးတီးကို နာကျင်အောင် လုပ်နိုင်ပါတယ်။ သူတို့ကို ဘယ်တော့မှ မလေးမစား မလုပ်ပါဘူး။ ဒါပေမယ့် ဒီပွဲကတော့ ၅၀-၅၀ အခြေအနေလို့ ထင်ပါတယ်။ စီးတီးက အစကောင်းခဲ့လို့ ပွဲထဲမှာ သူတို့ရဲ့ ဘောလုံးကို အကောင်းဆုံး ကစားနိုင်မယ်ဆိုရင် သိပ်ကို ရှည်ကြာတဲ့ နေ့ရက် ဖြစ်သွားမှာပါ။

စီးတီးက သိပ်ကို တောင့်တင်းတဲ့ အသင်းဖြစ်ပါတယ်။ ဒါက ကျနော်တို့ ယူနိုက်တက်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။ ဘာရလဒ် ထွက်မလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲပြီး မာရက်ဇ်က စီးတီးအတွက် အတော်လေး ခြေစွမ်းပြနေတာပါ။

ဒါက ဒါဘီ့ပွဲဖြစ်တာမို့ ဂိုးများမယ်လို့ ကျနော်တော့ ခန့်မှန်းထားပါတယ်။ ယူနိုက်တက် ၂-၁ နဲ့ နိုင်မယ်လို့ ကျနော် ထင်တယ်။ ဒါပေမယ့် စီးတီးတို့ အနိုင်ရသွားရင်လည်း ကျနော်တော့ မအံ့ဩပါဘူး။ နှစ်သင်းလုံး အနိုင်ရသွားနိုင်တဲ့ ပွဲဖြစ်ပါတယ်။

ဒီပွဲက ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲ မဟုတ်ပါဘူး။ နှစ်သင်းလုံးဟာ ဒီပွဲကနေ သင်ယူမှုတွေ လုပ်သွားရမှာ ဖြစ်ပါတယ် ’ လို့ ပြောဆိုခဲ့တယ်။

မန်ချက်စတာ ဒါဘီပွဲအတွက် အီဗရာရဲ့ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၂-၁ မန်စီးတီးပဲ ဖြစ်ပါတယ်။