လူကျွံ မကျွံ မသိဘူး၊ သူ့ဂိုးကတော့ ပေးရမှာ ဇွတ်ပြောနေတဲ့ မန်ယူ ကွင်းလယ် ဘရူနို ဖာနန်ဒက်စ်
မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးတို့ အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်တေ့ွခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲကတော့ အကြိတ်အနယ် ရှိခဲ့ပြီး အိမ်ရှင် ယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။
မန်စီးတီးဟာ မိနစ် ၆ဝမှာ သွင်းတဲ့ ဂရေးလစ်ချ် ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ၁၀ မိနစ်နီးပါး အလိုမှာတော့ ၄ မိနစ် အတွင်းမှာပဲ ယူနိုက်တက်အတွက် ဖာနန်ဒက်စ်နဲ့ ရက်ဖို့ဒ်တို့ ဂိုးတွေ ဆက်တိုက် သွင်းခဲ့တာကြောင့် ပွဲအဖြေက လုံးဝ ပြောင်းလဲ သွားခဲ့ရတာပါ။
ဖာနန်ဒက်စ် သွင်းယူခဲ့တဲ့ ယူနိုက်တက်ရဲ့ ချေပဂိုးက ပြောစရာတွေ ဖြစ်ခဲ့ပြီး ထိုသွင်းဂိုးမှား ရက်ဖို့ဒ် လူကျွံနေခဲ့တယ် လို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဖာနန်ဒက်စ်ကတော့ ထိုဂိုးက ပေးရမယ့် ဂိုး ဖြစ်ကြောင်း ပွဲအပြီးမှာ အခုလို ဆိုခဲ့ပါတယ်။

” ကျနော်က ဂိုးပေါက်ကို ဦးတည်သွားနေတာပါ။ ရက်ရှ်ဖို့ဒ်က ကျနော့် နေရာကနေ ဂိုးသွင်းတာ ပိုကောင်းမယ် တွေးကောင်း တွေးခဲ့မိပါလိမ့်မယ်။ ကျနေ်ာနဲ့ သူ ဘယ်သူက လူကျွံနေလဲတော့ ကျနော် မသိဘူး။ ဒါပေမယ့် ရက်ရှ်ဖို့ဒ်က ဘယ် ခံစစ်မှုးကိုမှ ဝင်ေ်နှာင့်ယှက်ခဲ့တာမျိုး မရှိဘူး။ ဒီတော့ ဒီဂိုးက ဂိုးကို ဂိုးတာပါပဲ။ ” လို့ ပြောဆိုခဲ့ပါတယ်။
ထိုဂိုးအတွက် စည်းကြပ်ဒိုင်က လူကျွံဘော အဖြစ် အလံထောင်ခဲ့သေးပေမယ့် ရက်ဖို့ဒ်ဟာ ထိုဂိုးအတွက် နောက်ခံလူတွေကို အတားအဆီး မဖြစ်စေခဲ့ဘူးလို့ ဆုံးဖြတ်ကာ ဂိုးအဖြစ် သတ်မှတ် ပေးခဲ့တာလည်း ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ပက် ဂွာဒီယိုလာကလည်း ထိုဂိုးနဲ့ ပတ်သတ်ပြီး ပွဲအပြီးအင်တာဗျူးမှာ “ ရက်ဖို့ဒ် က လူကျွံနေခဲ့တယ်။ သူက ကျွန်တော်တို့ ဂိုးသမားနဲ့ နောက်ခံလူတွေကို အာရုံနောက်အောင် လုပ်ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။
