ဟာလန်း ကို ဘယ်လို ဖြစ်စေချင်ကြောင်း မနေသာဘဲ ထုတ်ပြောလာရပြီ ဖြစ်တဲ့ ပက် ဂွါဒီယိုလာ
မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာက တိုက်စစ်မှူးဟာလန်းအနေနဲ့ အသင်းရဲ့ ကစားကွက်မှာ ပိုမို ပါဝင်ပတ်သက် လာစေဖို့ လိုလားေဦကာငျး ထုတ်ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ မန်ချက်စတာဒါဘီရှုံးပွဲမှာ နော်ဝေလက်ရွေးစင် တိုက်စစ်မှူးက ဘောလုံးထိချက် ၁၉ ကြိမ်နဲ့ အတူ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးအနည်းငယ်သာ ရရှိခဲ့ပါတယ်။
မန်စီးတီးရဲ့ ရာသီအစပွဲစဉ် ၂၁ ပွဲမှာ ၂၇ ဂိုးအထိ သွင်းယူ ထားနိုင်တဲ့ ဟာလန်းက လက်ရှိမှာတော့ သွင်းဂိုး မရရှိခဲ့တာ သုံးပွဲအထိ ရှိလာခဲ့ပြီဖြစ်လို့ ဒီအခြေအနေတွေက မန်စီးတီးတိုက်စစ်မှူးအတွက် စိတ်ပျက်စရာပါ။
ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုမှာ False 9 ကစားဟန်နဲ့အတူ အောင်မြင်မှုတွေ ရှာဖွေနိုင်ခဲ့တဲ့ မန်စီးတီးအတွက် ဟာလန်း ရောက်ရှိလာမှုက အသင်းကစားဟန်အပေါ် သက်ရောက်မှုရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ပက်ဂွါဒီယိုလာက သူ့ရဲ့ကစားကွက်မှာ ဟာလန်းကို ပိုမိုပါဝင်စေဖို့ ကြိုးစားနေရဆဲ ဆိုတာကို ဝန်ခံခဲ့ပါတယ်။
“အခုလောလောဆယ်မှာ ကျွန်တော်တို့က ဒီလုပ်ငန်းစဉ်မှာပဲ ရှိနေသေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက် အသင်းတွေက ခံစစ်ပိတ်ဆို့ကစားချိန်မှာ ကျွန်တော်တို့ကစားရတာ ပိုပြီးခက်ခဲသွားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီလိုအခြေအနေမှာ ဟာလန်းကို ဒီထက်ပိုပြီးရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။
ယူနိုက်တက်နဲ့ ပွဲစဉ်မှာလည်း ဟာလန်းက လုံလောက်တဲ့ ဘောလုံးထိချက်ရှိခဲ့ပေမယ့် နေရာလွတ်တွေကို သူ့အတွက် ဒီထက်ပိုပြီး ရှာဖွေပေးဖို့ လိုအပ်နေတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီအရာကို အဆင်ပြေပြေဖြစ်လာအောင် လုပ်သွားမှာပါ”လို့ စပိန်သားနည်းပြက ဆိုပါတယ်။
မန်စီးတီးအနေနဲ့ အခုဘောလုံးရာသီမှာ ခြေစွမ်းတည်ငြိမ်မှုရရှိဖို့ ရုန်းကန်နေရပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဖလား အားလပ်ရက်အပြီး နှစ်သစ်ကူးညမှာ အဲဗာတန်ကို အိမ်ကွင်းမှာသရေကျပြီး ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဆောက်သမ်တန်၊ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် မန်စီးတီးနည်းပြက အခုလိုမတည်ငြိမ်မှုမျိုးက ဟာလန်းရောက်ရှိလာခြင်းနဲ့အတူ အသင်းကစားကွက်ကို ပြောင်းလဲခဲ့တာနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူးလို့ ပြောဆိုခဲ့ပါပါတယ်။
