အာဆင်နယ်အသင်း အတည်ပြုခဲ့ရတဲ့ ချန်ဘာရဲ့ ကာလရှည် လွဲဦးမယ့် ဒဏ်ရာ သတင်းဆိုး
အာဆင္နယ္အသင္း ခံစစ္မွဴး ကာလန္ခ်န္ဘာဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ ခန္႔မွန္းေျခ ၆ လကေန ၉ လအထိ အနားယူရေတာ့မယ္ လို႔ သတင္း ထြက္ေပၚလာပါတ္ယ။။ ဒီသတင္းကို အာဆင္နယ္အသင္းဘက္ကလည္း အတည္ျပဳသြားခဲ့ပါျပီ။
” အသင္းမွာ ရွိတဲ့ လူတိုင္းက ခ်န္ဘာ အျမန္ဆုံးသက္သာၿပီး အသင္းအတြက္ ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ အားလုံးကလည္း သူ႔ကို အားေပး ေထာက္ခံေနၾကပါတယ္” လို႔ အာဆင္နယ္အသင္းဘက္က သတင္း ထုတ္ျပန္သြားခဲ့ပါတယ္။
ခ်န္ဘာဟာ အာဆင္နယ္အသင္းမွာ ဒီႏွစ္ရာသီမွာ ၁၄ ပြဲ ကစားေပးခဲ့သူျဖစ္ပါတယ္။ သူဟာ ဒဏ္ရာရေနတဲ့ ဘယ္လာရင္ေနရာမွာ အေကာင္းဆုံး ျဖည့္ ကစားေပးခဲ့သူပါ။ ဒါေပမယ့္ သူဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာေတာ့ ျပင္းထန္တဲ့ ဒူးဒဏ္ရာရရွိခဲ့ၿပီး လူစားလဲခဲ့ရပါတယ္။ အခုေတာ့ သူ႔ဒဏ္ရာကို ခြဲစိတ္ရမွာျဖစ္ၿပီး ၆ လကေန ၉ လေလာက္ အနားယူရေတာ့မွာပဲျဖစ္ပါတယ္။
လက္ရွိမွာေတာ့ အာဆင္နယ္အသင္းမွာ ဒဏ္ရာရေနတဲ့ ကစားသမားေတြမ်ားျပားေနပါတယ္။ အာဆင္နယ္အသင္းရဲ႕ဘယ္ေနာက္ခံလူျဖစ္တဲ့ တီယာေနးဟာလည္း ပခုံးျပႆနာေၾကာင့္ ၃ လေလာက္ အနားယူရေတာ့မွာပါ။ ဒါေၾကာင့္ အာဆင္နယ္အသင္းဟာ ေဈးကြက္အတြင္းမွာ ေနာက္တန္းကစားသမားေတြရွာေဖြေနတာပဲျဖစ္ပါတယ္။ အာဆင္နယ္နည္းျပ အာတီတာကလည္း ခံစစ္မွဴးေတြ ေခၚယူဖို႔ ရွာေဖြေနေၾကာင္း အတည္ျပဳ ေျပာၾကားထားပါတယ္။
” အသင္းကို အင္အားေတာင့္တင္းေစမယ့္ ကစားသမားေတြကို ရရွိဖို႔အတြက္ ေဈးကြက္ထဲမွာ ကြၽန္ေတာ္တို႔ လႈပ္ရွားသြားမွာပါ။ ဒါက ေသခ်ာပါတယ္။ ဒီအတြကလည္း ကြၽန္ေတာ္တို႔ေတြ အလုပ္လုပ္ေဆာင္ေနပါတယ္။ ျပီးေတာ့ သတင္းဆိုးအေနနဲ႔ ခ်န္ဘာကလည္း ဒဏ္ရာရရွိသြားပါတယ္။ ဒါက ကြၽန္ေတာ္တို႔ရဲ႕အစီအစဥ္ေတြကို အေျပာင္းအလဲျဖစ္ေစပါတယ္။ ”
” ဒါေပမယ့္ အရမ္းအမ်ားႀကီး မလုပ္ေဆာင္ႏိုင္ေသးတာေတြေတာ့ရွိပါတယ္။ ပထမဆုံး ကြၽန္ေတာ့္အေနနဲ႔ ဒဏ္ရာရကစားသမားေတြ ျပန္ေကာင္းလာဖို႔ကို ပစ္မွတ္ထားေနပါတယ္။ ၿပီးရင္ေတာ့ လူသစ္ေခၚဖို႔ေပါ့။ ၿပီးေတာ့ အသင္းကစားသမားေတြ တိုးတက္လာဖို႔ကိုလည္း ကြၽန္ေတာ္တို႔ အာ႐ုံစိုက္ထားပါတယ္” လို႔ အာတီတာက ေျပာဆိုသြားခဲ့ပါတယ္။
ခ်န္ဘာဟာ ၿပီးခဲ့တဲ့ ရာသီတုန္းက ဖူဟမ္အသင္းမွာ အငွားသြားကစားခဲ့ၿပီး ေျခစြမ္းျပ ကစားႏိုင္ခဲ့သူျဖစ္ပါတယ္။ သူဟာ ဖူဟမ္ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမားျဖစ္ခဲ့ၿပီး အာဆင္နယ္အသင္းကို ျပန္လာခ်ိန္မွာလည္း အာဆင္နယ္ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္မႈကို ခံခဲ့ရသူျဖစ္ပါတယ္။ ဒါေၾကာင့္ အခုလို သူ႔ရဲ႕ဒဏ္ရာရရွိမႈက အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ သတင္းဆိုးျဖစ္ခဲ့ပါတယ္။
Unicode – အာဆင်နယ်အသင်း ခံစစ်မှူး ကာလန်ချန်ဘာဟာ ချဲလ်ဆီးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ခန့်မှန်းခြေ ၆ လကနေ ၉ လအထိ အနားယူရတော့မယ် လို့ သတင်း ထွက်ပေါ်လာပါတ်ယ။။ ဒီသတင်းကို အာဆင်နယ်အသင်းဘက်ကလည်း အတည်ပြုသွားခဲ့ပါပြီ။
” အသင်းမှာ ရှိတဲ့ လူတိုင်းက ချန်ဘာ အမြန်ဆုံးသက်သာပြီး အသင်းအတွက် ပြန်ကစားနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ အားလုံးကလည်း သူ့ကို အားပေး ထောက်ခံနေကြပါတယ်” လို့ အာဆင်နယ်အသင်းဘက်က သတင်း ထုတ်ပြန်သွားခဲ့ပါတယ်။
ချန်ဘာဟာ အာဆင်နယ်အသင်းမှာ ဒီနှစ်ရာသီမှာ ၁၄ ပွဲ ကစားပေးခဲ့သူဖြစ်ပါတယ်။ သူဟာ ဒဏ်ရာရနေတဲ့ ဘယ်လာရင်နေရာမှာ အကောင်းဆုံး ဖြည့် ကစားပေးခဲ့သူပါ။ ဒါပေမယ့် သူဟာ ချဲလ်ဆီးနဲ့ပွဲမှာတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရပါတယ်။ အခုတော့ သူ့ဒဏ်ရာကို ခွဲစိတ်ရမှာဖြစ်ပြီး ၆ လကနေ ၉ လလောက် အနားယူရတော့မှာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်အသင်းမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေများပြားနေပါတယ်။ အာဆင်နယ်အသင်းရဲ့ဘယ်နောက်ခံလူဖြစ်တဲ့ တီယာနေးဟာလည်း ပခုံးပြဿနာကြောင့် ၃ လလောက် အနားယူရတော့မှာပါ။ ဒါကြောင့် အာဆင်နယ်အသင်းဟာ ဈေးကွက်အတွင်းမှာ နောက်တန်းကစားသမားတွေရှာဖွေနေတာပဲဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကလည်း ခံစစ်မှူးတွေ ခေါ်ယူဖို့ ရှာဖွေနေကြောင်း အတည်ပြု ပြောကြားထားပါတယ်။
” အသင်းကို အင်အားတောင့်တင်းစေမယ့် ကစားသမားတွေကို ရရှိဖို့အတွက် ဈေးကွက်ထဲမှာ ကျွန်တော်တို့ လှုပ်ရှားသွားမှာပါ။ ဒါက သေချာပါတယ်။ ဒီအတွကလည်း ကျွန်တော်တို့တွေ အလုပ်လုပ်ဆောင်နေပါတယ်။ ပြီးတော့ သတင်းဆိုးအနေနဲ့ ချန်ဘာကလည်း ဒဏ်ရာရရှိသွားပါတယ်။ ဒါက ကျွန်တော်တို့ရဲ့အစီအစဉ်တွေကို အပြောင်းအလဲဖြစ်စေပါတယ်။ ”
” ဒါပေမယ့် အရမ်းအများကြီး မလုပ်ဆောင်နိုင်သေးတာတွေတော့ရှိပါတယ်။ ပထမဆုံး ကျွန်တော့်အနေနဲ့ ဒဏ်ရာရကစားသမားတွေ ပြန်ကောင်းလာဖို့ကို ပစ်မှတ်ထားနေပါတယ်။ ပြီးရင်တော့ လူသစ်ခေါ်ဖို့ပေါ့။ ပြီးတော့ အသင်းကစားသမားတွေ တိုးတက်လာဖို့ကိုလည်း ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်” လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။
ချန်ဘာဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဖူဟမ်အသင်းမှာ အငှားသွားကစားခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ဖူဟမ်ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းကို ပြန်လာချိန်မှာလည်း အာဆင်နယ်ပရိသတ်တွေရဲ့ မျှော်လင့်မှုကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့် အခုလို သူ့ရဲ့ဒဏ်ရာရရှိမှုက အာဆင်နယ်ပရိသတ်တွေအတွက်တော့ သတင်းဆိုးဖြစ်ခဲ့ပါတယ်။