စီးတီးက ခြေချော်ခံမှာ မဟုတ်ဘူး ဆိုတဲ့ ဒီအပတ် ဝုဗ်နဲ့ ပွဲစဉ် အတွက် ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ် မန်ချက်စတာ စီးတီးနဲ့ ဝုဗ်အသင်းတို့ ပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” လက်ရှိမှာ လူတွေက စီးတီး ဘာ အမှားတွေ လုပ်မလဲ စောင့်ကြည့်နေကြတာပါ။ ဒါပေမယ့် သူတို့က ရမှတ်အားဖြင့် ဒီရာသီ ကောင်းမွန်စွာ ရယူနေပါတယ်။

တချို့သတင်းတွေမှာ အာလင်း ဟာလန်းက ပြသနာပါ ဆိုတဲ့ စာတွေ ရေးတာ ဖတ်ရတယ်၊ အတော်ကို အဓိပ္ပါယ် မရှိတာပါ။ ပြီးခဲ့တဲ့ နှစ်ရာသီလောက်မှာ မန်စီးတီးအသင်းရဲ့ သွင်းဂိုးတွေက တစ်သင်းလုံး အပြိုင် သွင်းနေခဲ့ကြတာပါ။ ဟာလန်း ရောက်လာပြီး သူ့ ဂိုးသွင်း မှတ်တမ်းကလည်း အံ့ဖွယ် ရှိနေပါတယ်။

တချို့လူတွေက ဒီလို အနေအထားမှာ သူ မကစးသင့်ဘူး ပြောနေကြတယ်၊ တကယ်ကို အဓိပ္ပါယ် မရှိတဲ့ စကားလုံးတွေပါပဲ။

ဝုဗ်ကတော့ ပြောရခက်တဲ့ ပြိုင်ဘက်ပါ။ ဒါပေမယ့် သူတို့ သွင်းဂိုးတွေ လုံလောက်မှု မရှိဘူးလို့ မြင်ပါတယ်။ ဒီပွဲမှာ စီးတီး ခြေချော်ဖွယ် မရှိပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်က မန်စီးတီး ၂-ဝ ဝုဗ် ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

Zawgyi

ဒီအပတ္ မန္ခ်က္စတာ စီးတီးနဲ႕ ဝုဗ္အသင္းတို႔ ပြဲစဥ္ အတြက္ ဘီဘီစီ သတင္းဌာနမွ ခရစ္ဆက္တန္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” လက္ရွိမွာ လူေတြက စီးတီး ဘာ အမွားေတြ လုပ္မလဲ ေစာင့္ၾကည့္ေနၾကတာပါ။ ဒါေပမယ့္ သူတို႔က ရမွတ္အားျဖင့္ ဒီရာသီ ေကာင္းမြန္စြာ ရယူေနပါတယ္။

တခ်ိဳ႕သတင္းေတြမွာ အာလင္း ဟာလန္းက ျပသနာပါ ဆိုတဲ့ စာေတြ ေရးတာ ဖတ္ရတယ္၊ အေတာ္ကို အဓိပၸါယ္ မရွိတာပါ။ ျပီးခဲ့တဲ့ နွစ္ရာသီေလာက္မွာ မန္စီးတီးအသင္းရဲ႕ သြင္းဂိုးေတြက တစ္သင္းလံုး အျပိဳင္ သြင္းေနခဲ့ၾကတာပါ။ ဟာလန္း ေရာက္လာျပီး သူ႔ ဂိုးသြင္း မွတ္တမ္းကလည္း အံ့ဖြယ္ ရွိေနပါတယ္။

တခ်ိဳ႕လူေတြက ဒီလို အေနအထားမွာ သူ မကစးသင့္ဘူး ေျပာေနၾကတယ္၊ တကယ္ကို အဓိပၸါယ္ မရွိတဲ့ စကားလံုးေတြပါပဲ။

ဝုဗ္ကေတာ့ ေျပာရခက္တဲ့ ျပိဳင္ဘက္ပါ။ ဒါေပမယ့္ သူတို႔ သြင္းဂိုးေတြ လံုေလာက္မႈ မရွိဘူးလို႔ ျမင္ပါတယ္။ ဒီပြဲမွာ စီးတီး ေျခေခ်ာ္ဖြယ္ မရွိပါဘူး။ ” လို႔ ဆက္တန္က သံုးသပ္ထားပါတယ္။

ခရစ္ဆက္တန္ရဲ႕ ခန္႔မွန္းရလဒ္က မန္စီးတီး ၂-ဝ ဝုဗ္ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ မနက္ျဖန္ တနဂၤေႏြေန႔ည ျမန္မာစံေတာ္ခ်ိန္ ၈ နာရီခြဲ အခ်ိန္မွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။