ဒီည မန်စီးတီးက ဝုဗ်ကို ဘယ်နှဂိုး သွင်းမလဲ ဟောကိန်းထုတ်လိုက်တဲ့ ဆရာကြီး ပေါမာဆန်

ဝါရင့် ဘောလုံး သုံးသပ်ဆရာကြီး ပေါမာဆန်ကတော့ ဒီည ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ ဝုဗ်အသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ပေါမာဆန်က ” မန်စီးတီးက နောက် ၂ပွဲမှာ သက်သေပြဖို့ လိုအပ်ပါလိမ့်မယ်။ ဒီ၂ပွဲအတွင်း သူတို့ ၆မှတ် မရရင် ပရီးမီးယားလိဂ်ဖလား ကာကွယ်နိုင်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ အာဆင်နယ်နဲ့ မတွေ့ခင်အတွင်း ဖလားပြိုင်ပွဲထဲမှာ သူတို့ဆက်ရှိနေဖို့ လိုပါတယ်။

ဝုဗ်က ဘာဂိုးမှ မသွင်းနိုင်ဘူး။ သူတို့ ကျဆင်းနေတယ်။ ပြိုင်ဘက်ရဲ့ အဆုံးသတ်ပိုင်း ဧရိယာထဲ မဝင်နိုင်ဘူး။ နည်းပြကို သဘောကျပေမယ့် ဒီပွဲက အပြတ်အသတ် ကွာဟနေတဲ့ပွဲမျိုးပါ။

ဝုဗ်အသင်းရဲ့ ဂိုးကွာခြားချက်က ဝက်စ်ဟမ်း၊ အဲဗာတန်တို့ထက်တောင် ပိုဆိုးပါတယ်။ သူတို့တွေ ဒီပွဲမှာ အပြတ်အသတ် ရှုံးချင်မှာ မဟုတ်ပါဘူး။ အခုချိန် ပရီးမီးယားလိဂ် သွားနေတဲ့ ပုံစံအရ ဂိုးကွာခြားချက်ဟာ ရာသီကုန်မှာ အရေးပါလာနိုင်ပါတယ်။

စီးတီး ဒီပွဲကိုနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် သူတို့လည်း သိပ်ပြီး အကောင်းကြီး မဟုတ်ပါဘူး။ အရင်တုန်းက ဒီပွဲတွေဟာ ကြိုတင် မှန်းဆလို့ရတဲ့ပွဲမျိုး ဖြစ်ခဲ့ပါတယ်။

မန်စီးတီးဟာ ဒီတစ်ပတ် နှစ်ပွဲလုံးကို အနိုင်ယူပြီး အာဆင်နယ်နဲ့ ယူနိုက်တက်ကို ဖိအားပေးလိမ့်မယ် ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ စီးတီး ၃-ဝ ဝုဗ် ဖြစ်ပါတယ်။