ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် အမှီလိုက်နေတဲ့ အူဘာမီးယန်း

ပရီးမီးယားလိဂ္ လက္ရွိ သြင္းဂိုးအမ်ားဆံုး စာရင္းမွာေတာ့ လက္စတာ တိုက္စစ္မွဴး ဗာဒီက ပရီးမီးယားလိဂ္သြင္းဂိုး ၁၇ ဂိုး ရရွိထားၿပီး ေ႐ႊဖိနပ္ဆု အတြက္ ဦးေဆာင္ေနခဲ့ပါတယ္။ ဒါေပမယ့္ ေဂ်မီဗာဒီဟာ သူ႔အမ်ိဳးသမီး မီးဖြားခ်ိန္ျဖစ္တဲ့အတြက္ အသင္းရဲ႕ေနာက္ဆုံးပြဲစဥ္ ၂ ပြဲမွာ ပါဝင္ကစားႏိုင္ခဲ့ျခင္း မရွိပါဘူး။

ဗာဒီဟာ ၂၀၁၉ တစ္နွစ္လံုးမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၂၉ ဂိုးထိ ရခဲ့ၿပီး အမ်ားဆုံးလည္း ျဖစ္ပါတယ္။ ဒီရာသီ အေနနဲ႕ေတာ့ ဗာဒီကို လိုက္လံ ဖိအားေပးကာ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုအတြက္ အမီွလိုက္ေနသူမ်ားကေတာ့ အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္းနဲ႔ ေဆာက္သမ္တန္တိုက္စစ္မႉး ဒန္နီအင့္စ္တို႔ပဲ ျဖစ္ပါတယ္။ သူတို႔ကေတာ့ တစ္ေယာက္ကို ၁၃ ဂိုးစီ သြင္းယူထားၾကတာပါ။

အဂၤလန္လူငယ္တိုက္စစ္မႉးေလးေတြျဖစ္ၾကတဲ့ မန္ယူရဲ႕မားကပ္စ္ရပ္ဖို႔ဒ္နဲ႔ ခ်ယ္လ္ဆီးရဲ႕ ေအဘရာဟမ္တို႔ကေတာ့ ၁၂ ဂိုးစီ သြင္းယူထားၾကၿပီး ပူးတြဲအဆင့္ ၄ ေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။

သူတို႔ရဲ႕ေနာက္မွာေတာ့ မန္စီးတီးရဲ႕စတာလင္၊ စပါးတိုက္စစ္မႉး ဟာရီကိန္းနဲ႔ လီဗာပူးေတာင္ပံကစားသမား မာေနးတို႔က ၁၁ ဂိုးစီနဲ႔ လိုက္လံဖိအားေပးလ်က္ ရွိေနပါတယ္။ ႏွစ္ႏွစ္ဆက္တိုက္ ေ႐ႊဖိနပ္ဆုရွင္ မိုဟာမက္ဆာလာနဲ႔ မန္စီးတီးရဲ႕ နာမည္ေက်ာ္ တိုက္စစ္မႉး အဂူ႐ိုတို႔ကေတာ့ သြင္းဂိုး ၁၀ ဂိုးစီ ရထားၾက ပါတယ္။

အာဆင္နယ္ အသင္းအတြက္ သြင္းဂိုးေတြကို အူဘာမီးယန္းက အဓိက စြမ္းေဆာင္ေပးထားတာ ျဖစ္ျပီး နည္းျပသစ္ အာတီတာလက္ထက္မွာ ပိုမို အစြမ္းျပေနပါတယ္။

Unicode – ပရီးမီးယားလိဂ် လက်ရှိ သွင်းဂိုးအများဆုံး စာရင်းမှာတော့ လက်စတာ တိုက်စစ်မှူး ဗာဒီက ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုး ရရှိထားပြီး ရွှေဖိနပ်ဆု အတွက် ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမယ့် ဂျေမီဗာဒီဟာ သူ့အမျိုးသမီး မီးဖွားချိန်ဖြစ်တဲ့အတွက် အသင်းရဲ့နောက်ဆုံးပွဲစဉ် ၂ ပွဲမှာ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

ဗာဒီဟာ ၂၀၁၉ တစ်နှစ်လုံးမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၉ ဂိုးထိ ရခဲ့ပြီး အများဆုံးလည်း ဖြစ်ပါတယ်။ ဒီရာသီ အနေနဲ့တော့ ဗာဒီကို လိုက်လံ ဖိအားပေးကာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် အမှီလိုက်နေသူများကတော့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းနဲ့ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်စ်တို့ပဲ ဖြစ်ပါတယ်။ သူတို့ကတော့ တစ်ယောက်ကို ၁၃ ဂိုးစီ သွင်းယူထားကြတာပါ။

အင်္ဂလန်လူငယ်တိုက်စစ်မှူးလေးတွေဖြစ်ကြတဲ့ မန်ယူရဲ့မားကပ်စ်ရပ်ဖို့ဒ်နဲ့ ချယ်လ်ဆီးရဲ့ အေဘရာဟမ်တို့ကတော့ ၁၂ ဂိုးစီ သွင်းယူထားကြပြီး ပူးတွဲအဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

သူတို့ရဲ့နောက်မှာတော့ မန်စီးတီးရဲ့စတာလင်၊ စပါးတိုက်စစ်မှူး ဟာရီကိန်းနဲ့ လီဗာပူးတောင်ပံကစားသမား မာနေးတို့က ၁၁ ဂိုးစီနဲ့ လိုက်လံဖိအားပေးလျက် ရှိနေပါတယ်။ နှစ်နှစ်ဆက်တိုက် ရွှေဖိနပ်ဆုရှင် မိုဟာမက်ဆာလာနဲ့ မန်စီးတီးရဲ့ နာမည်ကျော် တိုက်စစ်မှူး အဂူရိုတို့ကတော့ သွင်းဂိုး ၁၀ ဂိုးစီ ရထားကြ ပါတယ်။

အာဆင်နယ် အသင်းအတွက် သွင်းဂိုးတွေကို အူဘာမီးယန်းက အဓိက စွမ်းဆောင်ပေးထားတာ ဖြစ်ပြီး နည်းပြသစ် အာတီတာလက်ထက်မှာ ပိုမို အစွမ်းပြနေပါတယ်။