စူပါဆန်းဒေး စပါး – မန်စီးတီး ပွဲ အတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်
ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးဟာ တော့တင်ဟမ် စပါးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် ကလောင်ရှင် ခရစ်ဆက်တန် က စပါး – မန်စီးတီး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဒီရာသီမှာ ကန်ဆယ်လိုက သူ့အကောင်းဆုံး ပုံစံတွေ လုပ်ပြနိုင်ခြင်း မရှိဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် သူ့ကို ဘိုင်ယန်မြူးနစ်ထံ အငှားချလိုက်တာက မန်စီးတီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါလိမ့်မယ်။

ကန်ဆယ်လိုဟာ စီးတီးတို့ ဒီနှစ်ရာသီလောက်အတွင်း အောင်မြင်နေခြင်းရဲ့ အဓိကကျသူ တစ်ဦးအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း ဖြစ်သွားတာက ဂွာဒီယိုလာဟာ သူ့ကို ထွက်ခွာခွင့် ပေးခဲ့ပေမယ့် အစားထိုးမှုလည်း ပြန်မလုပ်ထားပါဘူး။
ဒါက ကြီးမားတဲ့ လှုပ်ရှားမှုပါပဲ။ အထူးသဖြင့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ အာဆင်နယ်ကို လိုက်ဖမ်းနေရတဲ့ စီးတီးအတွက်ပေါ့။ ဒါပေမယ့် ဂွာဒီယိုလာ လက်အောက် မြင်နေကျ မန်စီးတီးက ဒီပွဲကို နိုင်ပွဲဖြင့် တုန့်ပြန်ပြမှာပါ။
ဒီအခြေအနေက စပါးအတွက် မန်စီးတီးကို ရင်ဆိုင်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ သွင်းဂိုးနဲ့အတူ ဆွန်ယောင်မင် ပြန်လာနိုင်နေတာကလည်း သူတို့အတွက် ခွန်အားပါပဲ။
ဒါပေမယ့် ခွဲစိတ်မှုကြောင့် ကွန်တီ မပါနိုင်ပါဘူး။ အရင်လက အီသီဟက်မှာ စပါးကို အနိုင်ယူခဲ့သလိုပဲ ဒီပွဲမှာ စီးတီးတို့ နောက်ထပ် နိုင်ပွဲရသွားမယ် ထင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်ကတော့ တော့တင်ဟမ် စပါး 1- 3 မန်စီးတီး ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်က လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ ဖြစ်ပါတယ်။
