စပါးကို ဘာလို့ ရှုံးလဲ ဆင်ခြေပေးလာတဲ့ ပက် ဂွာဒီယိုလာ ပြောစကားအား မန်စီးတီး ပရိသတ်များ အံ့အားသင့်နေ

မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ မန်ချက်စတာစီးတီးအသင်းက တော့တင်ဟမ်ဟော့စပါးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုအတွက် ပက် ဂွာဒီယိုလာ ပေးခဲ့တဲ့ ဆင်ခြေကို စီးတီး ပရိသတ်တွေ မယုံနိုင်ဖြစ်ခဲ့ကြပါတယ်။
ဟာရီ ကိန်းဟာ မန်ချက်စတာစီးတီးကို အနိုင်ရရှိစေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ တော့တင်ဟမ်ဟော့စပါးကွင်းမှာ ၅ ကြိမ် ကစားခဲ့ရာမှာ ပွဲတိုင်းကို ရှုံးနိမ့်ခဲ့ပြီး မြောက်လန်ဒန်ကို လာရောက်ကစားခဲ့တဲ့ ပွဲစဉ်အားလုံးမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။
မန်စီးတီးအသင်းဟာ နောက်ထပ်တစ်ကြိမ် ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေခဲ့ပြန်တာဖြစ်ပြီး လက်ရှိမှာတော့ နောက်ဆုံး အဝေးကွင်း ၃ ပွဲမှာ အရှုံးအရသာကို မြည်းစမ်းခဲ့ရတာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအတွက် မေ့ပစ်ချင်စရာနေ့တစ်နေ့ဖြစ်ခဲ့ပြီး နေရာပေါင်းစုံမှာ အမှားအယွင်းတွေ အများကြီး ပြုလုပ်ခဲ့ပေမယ့်လည်း ဂွာဒီယိုလာက မန်ချက်စတာကနေ လန်ဒန်ကို အဝေးကွင်း ပွဲစဉ် လာရောက် ကစားရတာနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း ပြောဆိုခဲ့ပြီးနောက် သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့တာဖြစ်ပါတယ်။
“မန်ချက်စတာကနေ လန်ဒန်ကို လာရတာက ဥရောပမြောက်ပိုင်းကို သွားရသလိုပဲ။ ဟိုတယ်ကို ရောက်ဖို့ ၄ နာရီခွဲ လောက် ကြာတယ်။ အဲဒါက အရမ်းကို မောပန်းပါတယ်။ ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော် စိတ်မကောင်းပါဘူး” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂွာဒီယိုလာရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကလည်း ထူးထူးဆန်းဆန်း ဆင်ခြေတွေ ပေးတတ်တဲ့ နည်းပြအဖြစ် လူသိများပေမယ့်လည်း စပိန်လူမျိုးနည်းပြရဲ့ ဆင်ခြေက လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကို စိတ်ပျက်ဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။
“ညံ့ဖျင်းလိုက်တဲ့ ဆင်ခြေ။ ကလော့ပ်အတိုင်းပဲ။ ငါတို့တွေ ၉ ရက်ရှိခဲ့ပြီး သူတို့ကတော့ ရထားပေါ်မှာ ပထမတန်းစီးပြီး ခရီးထွက်ခဲ့ကြလိမ့်မယ်”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “မေဂျာလိဂ်မှာသာ နည်းပြရင် အဝေးကွင်း ခရီးထွက်ရလို့ ေ-လိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။