မန်စီးတီး – အက်စတွန်ဗီလာ ပွဲစဉ် အတွက် ဆရာကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက် ထွက်ပါပြီ

မန်ချက်စတာစီးတီးအသင်းဟာ ဒီတပတ်မှာ အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဒီပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” တော့တင်ဟမ်ကို အဝေးကွင်း သွားရင်ဆိုင်ရတယ် ဆိုရင် ခက်ခဲတာပါပဲ။ ဒီဘရိုင်းက သူတို့ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားပါ။

ပွဲကြီးတစ်ပွဲမှာ ပြိုင်ဘက်ကို ချိုးဖျက်ရမယ် ဆိုရင် ဒီဘရိုင်းထက် ဘယ်သူမှ ပိုကောင်း အောင် မလုပ်နိုင်ပါဘူး။ စပါးနဲ့ ပွဲမှာ သူ့ကို ဖယ်ထားခဲ့တာက ပြသနာတွေ့စေခဲ့တာပဲ။ သူ့ကို အရန်ခုံမှာ မြင်လိုက်ရတာ ကျနော် ရှော့ခ်တောင် ရမိတယ်။

အာဆင်နယ်က ဘရန့်ဖို့ဒ်ကို နိုင်မယ် ဆိုရင် စီးတီး ဒီပွဲကို နိုင်ဖို့ လိုပါတယ်။ သူတို့ ဒီပွဲကို နိုင်မှ ဗုဒ္ဓဟူးနေ့ အာဆင်နယ်နဲ့ ပွဲကို အာရုံစိုက်နိုင်မှာပါ။ အက်စတွန်ဗီလာရဲ့ ပြီးခဲ့တဲ့ ပွဲက ရလဒ်ကိုလည်း အံ့သြမိတယ်။

မန်ချက်စတာ စီးတီးက ဒီပွဲကို နိုင်ဖို့ လိုနေတာကြောင့် ၃မှတ် အပြည့် ရအောင် ယူလိမ့်မယ် လို့ ကျနော် မျှော်လင့်တယ်။ ” လို့ ပေါမာဆန်က ဆိုပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ စီးတီး ၂-ဝ အက်စတွန်ဗီလာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။