အမ်းမရိတ်မှာ ဆိုပေမယ့် အာဆင်နယ်က မန်စီးတီးကို နိုင်ပါ့မလားလို့ သုံးသပ်သွားတဲ့ ပေါမာဆန်

ဂန်းနားဟောင်းကြီး ပေါမာဆန်က လာမယ့် ဗုဒ္ဓဟူးနေ့ အမ်းမရိတ်စ်က တွေ့ဆုံမှုမှာ အာဆင်နယ်က မန်ချက်စတာ စီးတီးကို အလဲထိုးနိုင်ခဲ့မယ်ဆိုရင် အံ့အားသင့်မိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ စနေနေ့က ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်းအမ်းမရိတ်စ်မှာ ၁-၁ နဲ့ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ပါတယ်။

ပေါမာဆန်က လာမယ့်ဗုဒ္ဓဟူးနေ့ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် အာဆင်နယ်ရဲ့ ပွဲစဉ်နဲ့ပတ်သက်ပြီး ၎င်းရဲ့ ထင်မြင်ချက်ကို Sky Sports မှာ အခုလို ပြောဆိုခဲ့ပါတယ်။

“အခုဆိုရင် ခက်ခဲတဲ့ပွဲ ရောက်လာတော့မယ်။ ကြီးမားတဲ့ ဗုဒ္ဓဟူးနေ့ညပွဲပါ။ ခင်ဗျား ပရီးမီးယားလိဂ်ဖလား ရချင်ရင်၊ ဘယ်လို လိဂ်ဖလားကိုမဆို ရချင်ရင် ခင်ဗျား ဘယ်လို နိုင်ပွဲပြန်ယူမလဲဆိုတာက အရေးကြီးတယ်”

“ချိန်သားကိုက်ဖို့ အရေးကြီးပါတယ်။ ရာသီအစမှာ ခင်ဗျားက ‘ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်း၊ အဆိုးဆုံးတော့ မဖြစ်နိုင်ဘူး’ လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။

ဒါပေမယ့် သူတို့တွေ ကောင်းမွန်တဲ့ခြေစွမ်းနဲ့ အသင်းကောင်းတစ်သင်းပုံစံမျိုး၊ အရမ်းတော်တဲ့ ဘောလုံးအသင်းပုံစံမျိုး ကစားခဲ့တယ်။ သူတို့တွေ(အာဆင်နယ်က ဘရန့်ဖို့ဒ်ကို ) ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တဲ့အချိန်မှာ ခင်ဗျား သူတို့ အနိုင်ရလဒ်ကို ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်မှန်းထားမှာဖြစ်ပြီး သူတို့တွေ မထိန်းသိမ်းနိုင်ခဲ့ဘူး။

ဗုဒ္ဓဟူးနေ့မှာ ကြီးမားတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ အဲဒါက သူသေကိုယ်သေပွဲစဉ်ပဲလို့ ကျွန်တော် ထင်တယ်။ မန်စီးတီးသာ အနိုင်ရသွားရင် အာဆင်နယ် အဲဒီရှုံးပွဲကနေ ပြန်လာနိုင်ဖို့ ကျွန်တော် မမြင်တော့ဘူး”

“ဘရန့်ဖို့ဒ်နဲ့ပွဲက စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက်မှာ သူတို့တွေ စီးတီးကို အနိုင်ရမယ်လို့ ကျွန်တော် မမြင်ဘူး။ သူတို့တွေ အနိုင်ရခဲ့ရင် ကျွန်တော် တော်တော်လေးကို အံ့အားသင့်မိမှာပါ။ သူတို့တွေက ခံစစ်မှာ အရမ်းပွင့်နေခဲ့ပါတယ်။ ဘရန့်ဖို့ဒ်သာ အချိန်တော်တော်များများမှာ ဘောလုံးပေးပို့မှု မှန်မှန်ကန်ကန်လုပ်နိုင်ခဲ့ရင် သူတို့တွေ ဂိုးရသွားနိုင်ပြီး အနိုင်ရသွားနိုင်တယ်”

“တိုနီက တကယ်ကောင်းတဲ့အခွင့်အရေးအစစ်အမှန်ကို လွဲချော်ခဲ့ပြီး ဂိုးဘားတန်းထိခဲ့တယ်။ မန်စီးတီးမှာက ပြိုင်ဘက် ခံစစ် ဧရိယာထဲကို တိကျတဲ့ပေးပို့မှုတွေပြုလုပ်နိုင်တဲ့ အရည်အသွေးပိုမိုကောင်းမွန်တဲ့ ကစားသမားတွေရှိတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ည အာဆင်နယ်သာ အဲဒီပွဲကို နိုင်ခဲ့ရင် ကျွန်တော် တော်တော်လေး အံ့အားသင့် တုန်လှုပ်မိမှာပါ”လို့ ပြောကြားခဲ့ပါတယ်။