ဒီည အာဆင်နယ်နဲ့ ပွဲမတိုင်ခင် ဟာလန်း အခြေအနေကို အသိပေးလိုက်တဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး ဟာလန်းတစ်ယောက် အာဆင်နယ်နဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ ပြောကြားလိုက်ပါတယ်။ ပွဲကတော့ ဒီညမှာ ယှဉ်ပြိုင်ကစားကြတော့မှာပါ။
နော်ဝေသားဟာ အဲဗာတန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲရဲ့ဒုတိယပိုင်းမှာ လူစားလဲခဲ့ရတာဖြစ်ပြီး အာဆင်နယ်နဲ့ အရေးပါတဲ့ပွဲကို လွဲချော်ဖို့ များနေပါတယ်။ ဟာလန်းတစ်ယောက် လေ့ကျင့်ခန်းဆင်းတဲ့ပုံရိပ်တွေ တွေ့ရပေမယ့် အခုချိန်အထိ ဂွါဒီယိုလာက အာဆင်နယ်နဲ့ပွဲအတွက် အတည်မပြုသေးတာဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းပွဲမှာ ဂွါဒီယိုလာက ဟာလန်း အခြေအနေနဲ့ပတ်သက်ပြီး –

“ဒီနေ့ နေ့လည်ခင်းတုန်းက ကျွန်တော်တို့ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ အခုတော့ ကျွန်တော် မသိသေးပါဘူး။ မနေ့ ကတော့ ဗီလာနဲ့ပွဲမှာ အဆင်ပြေခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ ဒီရာသီစီးတီးအတွက် ၂၁ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်တွေတုန်းကတော့ နောက်ဆုံး ၃ ပွဲဆက်ဂိုးပေါက်ပျောက်ထားခဲ့ကာ နောက်ဆုံး ၈ ပွဲမှာလည်း ၃ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ကတော့ သူတို့အနေနဲ့ အမှတ်ပေးဇယားကို ၆ မှတ်ထပ်ဖြတ်နိုင်ဖို့ ယုံကြည်ချက်ရှိနေပြီး ဟာလန်း ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စီးတီးကို အကောင်းဆုံး ရင်ဆိုင်ဖွယ် ရှိနေပါတယ်။
စပိန်သားနည်းပြကြီး ဂွါဒီယိုလာ ကတော့ ဟာလန်းတစ်ယောက် ဒီည အာဆင်နယ်နဲ့ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝပြီး ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
