ပရီးမီးယားလိဂ်က တွန်းအားပေးလို့ မန်စီးတီးက အာဆင်နယ်ကို နိုင်သွားတာ လို့ အွန်နရီ ယုံကြည်နေ

အာဆင်နယ် ဂန္တဝင် သီယာရီ အွန်နရီက မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ်က ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ထားမှုက ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရအောင် တွန်းအား ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့အပတ်က ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ခုအထိ ၁၄ နှစ်တာ ကာလအတွင်း ချိုးဖောက် ခဲ့တယ်လို့ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ အရေးယူမှုတွေ ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

စီးတီးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ပြီး အပြစ်ကင်းစင်ကြောင်း အခိုင်အမာ ပြောကြားနေတာဖြစ်ပြီး အွန်နရီက ဒီစွဲချက်တင်မှုက အာဆင်နယ်နဲ့ပွဲမှာ စီးတီးကို ပိုမိုအသာစီးရရှိစေခဲ့တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

“ဆုဖလားတွေအနိုင်ရထားတဲ့အသင်းက ဘယ်တော့မှ သူတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို မဆုံးရှုံးနိုင်သလိုမျိုး ကျွန်တော် ခံစားရတယ်။ မန်စီးတီး ခင်ဗျားအစပိုင်းမှာ မေးခွန်းတွေ ထုတ်ခဲ့တယ်။ ကျွန်တော် အာဆင်နယ်က အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်၊ ဆုတောင်းခဲ့တယ်၊ လိုချင်ခဲ့တယ်”

“အာဆင်နယ်က ၂-၁ နဲ့ နိုင်မယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီညစီးတီးက ဘာကြောင့် သူတို့တွေ အခုထိ ချန်ပီယံဖြစ်နေလဲဆိုတာ ခင်ဗျားကို ပြသခဲ့တာပါ။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်ဖလားကို ဘယ်သူမှ မရယူနိုင်သေးလို့ပါ။ အဲဒီဘဏ္ဍာရေးကိစ္စတွေဖြစ်ပြီးကတည်းက အဲဒီအဝတ်လဲခန်းထဲက စီးတီးရဲ့စိတ်ထဲကို တစ်စုံတခု အပိုထည့်သွင်းခဲ့သလိုမျိုးဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်”

“အားလုံးက သူတို့ကို အနိုင်မရရှိစေချင်ကြတာကြောင့် ပက်က ငါတို့တွေက ချန်ပီယံတွေဆိုတာ သူတို့သိအောင် ပြရအောင်ဆိုပြီး ပြောလို့ရသွားစေနိုင်တဲ့အခြေအနေကို ပြောင်းလဲသွားစေခဲ့ပါတယ်။ သူတို့တွေ ချန်ပီယံတွေလိုမျိုး ကစားခဲ့ကြတယ်”လို့ ပြောကြားခဲ့ပါတယ်။