စီးတီး သြဇာ ပြရမယ့် ပွဲ ဆိုတဲ့ ပေါမာဆန်ရဲ့ နော်တင်ဟမ်ဖောရက် VS မန်စီးတီး ပွဲ သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ စီးတီးဟာ ဒီအပတ်မှာ နော်တင်ဟမ်ဖောရက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း မှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီပွဲစဉ် အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန် က အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန် က ” မန်စီးတီးက နောက်တစ်ပတ် ချန်ပီယံလိဂ်ရှိလို့ ဒီပွဲမှာ ကစားသမား အနည်းငယ်ကို အနား ပေးနိုင်ပေမယ့် ဖောရက်က အိမ်ကွင်းကောင်းတဲ့ အသင်းပါ။

ဒီပွဲက စီးတီးအနေနဲ့ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို တံဆိပ်ခတ်နှိပ်ဖို့ လိုအပ်တဲ့ပွဲစဉ်ဖြစ်ပါတယ်။ ရာသီနောက်ပိုင်း ဘိုင်ယန်မြူးနစ်လို အသင်းတွေနဲ့ တွေ့တဲ့အခါ ကစားသမားတွေကို အနားပေးလို့ ရပါတယ်။ ဒီပွဲမှာတော့ တောင့်တင်းတဲ့လူစာရင်းကို အသုံးပြုဖို့ လိုပါတယ်။

ဖောရက်က ခံစစ်ပိတ်ဆော့မှာပါ။ သူတို့က ဘရန်နန် ဂျွန်ဆန်ကြောင့် တန်ပြန်တိုက်စစ်မှာ အရှိန်ကောင်းရထားတယ်။ အဆုံးသတ်မှာ စီးတီးကပဲ နိုင်သွားမယ် ထင်ပါတယ်။ ဒီပွဲကိုသူတို့ မနိုင်စရာ အကြောင်းမရှိပါဘူး။ ” လို့ သုံးသပ် ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ် က နော်တင်ဟမ်ဖောရက် ဝ-၃ မန်စီးတီး ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန် ကတော့ မနက်ဖြန် စနေနေ့ ည ၉ နာရီခွဲ ဖြစ်ပါတယ်။