အားနည်းတဲ့ ခြေကို မသုံးဘဲ ခြေစွမ်းပြနိုင်ကြတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေထဲ စီးတီးအသင်းသား ၂ ဦး ပါဝင်တဲ့
ကစားသမားအများစုဟာ ခြေထောက် ၂ ဖက်စလုံးကို မျှမျှတတ လေ့ကျင့်လေ့ရှိကြပေမယ့်လည်း အချို့ကတော့ သာမန်အားဖြင့် တစ်ဖက်ကို ပိုပြီး အားသန်ကြတာ ဖြစ်ပါတယ်။ ထိပ်တန်း ကစားသမားတွေကတော့ အားနည်းတဲ့ ခြေ ရှိရင်တောင် အစွမ်းအစ လျော့မသွားဘဲ သေချာ လုပ်ပြနိုင်ကြပါတယ်။
အားနည်းတဲ့ခြေထောက်ကို သုံးတာမျိုး ရှားပါးတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေထဲမှာ မာရာဒိုနာ လို ဂန္တဝင်ကြီး၊ မက်ဆီ၊ ဒိုင်ဘာလား စတဲ့ ကြယ်ပွင့်များ အပြင် မန်ချက်စတာ စီးတီး အသင်းသား ၂ ဦး အောက်ပါအတိုင်း ပါဝင်နေပါတယ်။

ဘာနာဒို ဆေးလ်ဗား
ဘာနာဒိုဆေးလ်ဗားဟာ လျင်မြန်မှုနဲ့ ဖန်တီးနိုင်စွမ်း ကောင်းမွန်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် လူသိများပြီး နည်းစနစ်ပိုင်း ပါရမီပါတဲ့ကစားသမားဖြစ်တာကြောင့် ဘောလုံးကို ခြေထောက်ထဲ သက်တောင့်သက်သာထားနိုင်သလို အလွန်ကောင်းမွန်တဲ့ အနီးကပ် ဘောလုံးထိန်းသိမ်းတဲ့စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ဆေးလ်ဗားဟာ ပါးနပ်တဲ့ ပြေးလွှားမှု၊ ဂိုးဖန်တီးပေးနိုင်စွမ်းနဲ့ တိကျတဲ့ပေးပို့မှုကြောင့် လူသိများပြီး ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းပါ အကူအညီပေးနိုင်တာကြောင့် ဘယ်လိုအသင်းမျိုးအတွက်မဆို တန်ဖိုးရှိတဲ့ကစားသမားဖြစ်ပါတယ်။
ဆေးလ်ဗားက ဘယ်သန်ကစားသမားဖြစ်ပြီး ညာခြေနဲ့ ဂိုးကန်သွင်းဖို့ ကြိုးပမ်းတာ ဒါမှမဟုတ် ဘောလုံးပေးပို့မှု ကြိုးပမ်းတာမျိုး မြင်ရခဲပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

ကိုင်လီ ဝေါ်ကာ
ဝေါ်ကာဟာ ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းမှာပါ အလွန်ကောင်းမွန်တဲ့ ခေတ်သစ် နောက်ခံတောင်ပံကစားသမားဖြစ်ပြီး အလွန်လျင်မြန်တဲ့မြန်နှုန်းကို ပိုင်ဆိုင်ထားတာကြောင့် ခံစစ်အကူးအပြောင်းလုပ်ချိန်အတွင်းမှာ တန်ဖိုးရှိတဲ့ ကစားသမားဖြစ်စေခဲ့တာဖြစ်ပါတယ်။
ဝေါ်ကာဟာ တိကျတဲ့ပေးပို့မှုတွေ၊ ပန်းတက်ပြေးလွှားမှုတွေကြောင့်လည်း လူသိများခဲ့ပြီး ညာခြေကို အဓိက အားပြု ကစားပေမယ့်လည်း ဘယ်ခြေကလည်း သိသိသာသာ အားနည်းတာမျိုး မရှိသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝေါ်ကာဟာ ဘယ်ခြေကို သုံးတာ ရှားပြီး များသောအားဖြင့် ညာတောင်ပံမှာ ကစားရတာကြောင့်လည်း ပါမှာဖြစ်ပါတယ်။
