ဘုန်းမောက် Vs မန်စီးတီး ပွဲ ဂိုးဘယ်လောက် ပြတ်မလဲ ဟောကိန်းထုတ်သွားတဲ့ ပေါမာဆန်

မန်ချက်စတာ စီးတီးက ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် အတွက် ဆရာကြီး ပေါမာဆန်က အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” ပြီးခဲ့တဲ့ အပတ်က ဝုဗ်ကို ရင်ဆိုင်ရာမှာ ဘုန်းမောက် ကစားခဲ့တာ ကောင်းပါတယ်။ ဒီအပတ် မန်စီးတီးကို ရင်ဆိုင်ရမှာကတော့ သူတို့အတွက် ဆိုးတာပါပဲ။

ပြီးခဲ့တဲ့ ၂ ပွဲမှာ ဘုန်းမောက်တို့ ရလဒ်ကောင်းတွေ ရထားပါတယ်။ နောက်ထပ် ၁ ပွဲကို အနိုင်ရမယ်ဆိုရင် သူတို့ တန်းဆင်းဇုန်က ဝေးရာကို သွားဖို့ ကြီးကြီးမားမား အကူအညီ ဖြစ်မှာပါ။

မန်စီးတီးက သိပ်ကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်။ ကျနော်ကတော့ ဒါကို ထပ် ထပ်ပြီး ပြောနေမှာပါ။ သူတို့က ချန်ပီယံလိဂ်တောင် အနိုင်ရနိုင်ပါတယ်။

သိပ်များတဲ့ ငွေကြေးနဲ့ ဟာလန်းလို ကစားသမားကို လက်မှတ်ထိုးပြီးမှ ချန်ပီယံလိဂ် ဖလား အနိုင်မရဘဲ ပရီးမီးယားလိဂ် ဖလားပဲ အနိုင်ရခဲ့ရင် သူတို့အတွက် အောင်မြင်တယ်လို့ မခေါ်ပါဘူး။

ဒါပေမယ့် ဒီပွဲမှာ မန်စီးတီးက အနိုင်ရမယ် ခန့်မှန်းထားပါတယ်။ အာဆင်နယ်ကို အရေးသာစေဖို့ သူတို့ ဒီပွဲကို အရှုံးခံမှာ မဟုတ်ပါဘူး။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။

ဆရာကြီး ပေါမာဆန် ဟောကိန်းထုတ်ခဲ့တဲ့ ခန့်မှန်းရလဒ်ကတော့ ဘုန်းမောက် ဝ-၄ မန်စီးတီး ဖြစ်ပါတယ်။