ေျပာင္းလဲလာတဲ့ ဂန္းနားေတြရဲ႕ သေဘာထားအေပၚ ေက်နပ္ေနတဲ့ နည္းျပ အာတီတာ

အာဆင္နယ္ အသင္းဟာ ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္ဖ္ေအဖလား ပြဲစဥ္မွာ လိဒ္ယူႏိုက္တက္အသင္းကို ေရးစ္ နယ္ဆန္ရဲ႕ အနုိင္ဂိုးနဲ႕ အႏိုင္ ရရွိခဲ့တာ ေနာက္တစ္ဆင့္ကို တက္ေရာက္ခဲ့ပါတယ္။ ဒီပြဲဟာ နည္းျပသစ္ အာတီတာ လက္ထက္ ဒုတိယေျမာက္ႏိုင္ပြဲလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ခ်န္ပီယံရွစ္ကလပ္ လိဒ္ယူႏိုက္တက္ ဟာ အာဆင္နယ္ အသင္းကို အေဝးကြင္းမွာ ထိထိေရာက္ေရာက္ ယွဥ္ကစားသြားနုိင္ခဲ့ပါတယ္။ အာဆင္နယ္ အသင္းသားေတြဟာ ပထမပိုင္း ကစားပံုေလ်ာ့ရဲခဲ့ျပီး ဒုတိယပိုင္းမွ သိသိသာသာ ပိုမို ေကာငး္မြန္ခဲ့တာပါ။ အာဆင္နယ္နည္းျပ အာတီတာကလည္း အသင္းရဲ႕ ပထမပိုင္းစြမ္းေဆာင္ရည္အေပၚမွာ ေက်နပ္မူမရွိခဲ့ေပမယ့္ ဒုတိယပိုင္းမွာ တစ္သင္းလုံးရဲ႕ ေျပာင္းလဲလိုက္တဲ့ လမ္းေၾကာင္းအေပၚမွာ ဝမ္းသာပီတီ ျဖစ္ခဲ့ရတယ္လို႔ ပြဲအၿပီးမွာ ေျပာျပသြားခဲ့ပါတယ္။

” ကြၽန္ေတာ္တို႔ ပထမပိုင္း အသင္းနဲ႔ ဒုတိယပိုင္းအသင္းဟာ မတူညီတဲ့ အသင္းႏွစ္သင္းအျဖစ္ ကြဲျပားျခားနားၿပီး ျမင္ခဲ့ရပါတယ္၊ ကြၽန္ေတာ့္ အထင္ အာဆင္နယ္ အသင္းဟာ ပထမပိုင္း မိနစ္ သံုးဆယ္ ေက်ာ္ေလာက္အထိ ဘာအတြက္ ကစားေနလဲဆိုတာကို မျမင္ခဲ့ၾကပါဘူး၊ ဒါေပမဲ့ သူတို႔အားလုံး ဒုတိယပိုင္းမွာ သေဘာေပါက္လာခဲ့တယ္လို႔ ဆိုရမွာပါ၊ ”

” ကြၽန္ေတာ္တို႔ အဖြဲ႕အစည္းရဲ႕ ဆႏၵကို ပထမပိုင္းအၿပီးမွာ ကြဲျပားျခားနားစြာ ၿပီးေျမာက္ေအာင္လုပ္ျပႏိုင္ခဲ့ပါတယ္၊ ကြၽန္ေတာ္ လိဒ္ယူႏိုက္တက္ အသင္းရဲ႕ ပြဲေတြအေတာ္မ်ားမ်ားကို ၾကည့္ခဲ့ဖူးပါတယ္၊ သူတို႔ဟာ အေတြ႕အႀကဳံမ်ားတဲ့ အသင္းတစ္သင္းပါ၊ ဒီေန႔ႏိုင္ပြဲမွာ ကြၽန္ေတာ့္ ကစားသမားေတြ ရဲ႕ ေကာင္းမြန္စြာ ကစားေပးမူကို ခ်ီးက်ဴးပါတယ္ ” လို႔ အာတီတာ က ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ အသင္းရဲ႕ကြင္းလယ္ကစားသမား အိုေဇးလ္ ကလည္း အမ္မရီ လက္ထက္မွာ အရံခုံမွာသာ ေနခဲ့ရေပမယ့္ နည္းျပသစ္ အာတီတာ လက္ထက္မွာ ေတာ့ ပြဲထြက္ခြင့္ေတြရေနၿပီး ပုံမွန္ေျခစြမ္းျပန္လည္ ျပသထားေနႏိုင္ပါတယ္။

ဒါ့အျပင္ ႏိုဝင္ဘာလတုန္းက အသင္းေခါင္းေဆာင္ လက္ပတ္ကို ႐ုတ္သိမ္းခံခဲ့ရတဲ့ ဇာခါ ကိုလည္း အာတီတာ လက္ထက္မွာ အသင္းေခါင္းေဆာင္ လက္ပတ္ ျပန္ေပးႏိုင္မလားဆိုတာ ျပန္လည္စဥ္းစားသြားဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

Unicode – အာဆင်နယ် အသင်းဟာ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ လိဒ်ယူနိုက်တက်အသင်းကို ရေးစ် နယ်ဆန်ရဲ့ အနိုင်ဂိုးနဲ့ အနိုင် ရရှိခဲ့တာ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲဟာ နည်းပြသစ် အာတီတာ လက်ထက် ဒုတိယမြောက်နိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် ဟာ အာဆင်နယ် အသင်းကို အဝေးကွင်းမှာ ထိထိရောက်ရောက် ယှဉ်ကစားသွားနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းသားတွေဟာ ပထမပိုင်း ကစားပုံလျော့ရဲခဲ့ပြီး ဒုတိယပိုင်းမှ သိသိသာသာ ပိုမို ကောင်းမွန်ခဲ့တာပါ။ အာဆင်နယ်နည်းပြ အာတီတာကလည်း အသင်းရဲ့ ပထမပိုင်းစွမ်းဆောင်ရည်အပေါ်မှာ ကျေနပ်မူမရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ တစ်သင်းလုံးရဲ့ ပြောင်းလဲလိုက်တဲ့ လမ်းကြောင်းအပေါ်မှာ ဝမ်းသာပီတီ ဖြစ်ခဲ့ရတယ်လို့ ပွဲအပြီးမှာ ပြောပြသွားခဲ့ပါတယ်။

” ကျွန်တော်တို့ ပထမပိုင်း အသင်းနဲ့ ဒုတိယပိုင်းအသင်းဟာ မတူညီတဲ့ အသင်းနှစ်သင်းအဖြစ် ကွဲပြားခြားနားပြီး မြင်ခဲ့ရပါတယ်၊ ကျွန်တော့် အထင် အာဆင်နယ် အသင်းဟာ ပထမပိုင်း မိနစ် သုံးဆယ် ကျော်လောက်အထိ ဘာအတွက် ကစားနေလဲဆိုတာကို မမြင်ခဲ့ကြပါဘူး၊ ဒါပေမဲ့ သူတို့အားလုံး ဒုတိယပိုင်းမှာ သဘောပေါက်လာခဲ့တယ်လို့ ဆိုရမှာပါ၊ ”

” ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဆန္ဒကို ပထမပိုင်းအပြီးမှာ ကွဲပြားခြားနားစွာ ပြီးမြောက်အောင်လုပ်ပြနိုင်ခဲ့ပါတယ်၊ ကျွန်တော် လိဒ်ယူနိုက်တက် အသင်းရဲ့ ပွဲတွေအတော်များများကို ကြည့်ခဲ့ဖူးပါတယ်၊ သူတို့ဟာ အတွေ့အကြုံများတဲ့ အသင်းတစ်သင်းပါ၊ ဒီနေ့နိုင်ပွဲမှာ ကျွန်တော့် ကစားသမားတွေ ရဲ့ ကောင်းမွန်စွာ ကစားပေးမူကို ချီးကျူးပါတယ် ” လို့ အာတီတာ က ပြောကြားခဲ့ပါတယ်။

အာဆင်နယ် အသင်းရဲ့ကွင်းလယ်ကစားသမား အိုဇေးလ် ကလည်း အမ်မရီ လက်ထက်မှာ အရံခုံမှာသာ နေခဲ့ရပေမယ့် နည်းပြသစ် အာတီတာ လက်ထက်မှာ တော့ ပွဲထွက်ခွင့်တွေရနေပြီး ပုံမှန်ခြေစွမ်းပြန်လည် ပြသထားနေနိုင်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလတုန်းက အသင်းခေါင်းဆောင် လက်ပတ်ကို ရုတ်သိမ်းခံခဲ့ရတဲ့ ဇာခါ ကိုလည်း အာတီတာ လက်ထက်မှာ အသင်းခေါင်းဆောင် လက်ပတ် ပြန်ပေးနိုင်မလားဆိုတာ ပြန်လည်စဉ်းစားသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။