ဒီည ဘုန်းမောက် Vs မန်စီးတီး ပွဲ အတွက် ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက် ထွက်ပါပြီ

မန်ချက်စတာ စီးတီးက ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲကတော့ ဒီနေ့ စနေနေ့ည ၁၂ နာရီ တိတိမှာ ယှဉ်ပြိုင်မှာပါ။

ဘုန်းမောက်က တန်းဆင်းဇုန်မှ လွတ်ရုံ အဆင့် ၁၇ နေရာမှာ ရှိနေသေးပြီး ရုန်းအား ရှိမှာပါ။ စီးတီးကတော့ တဖက်က အာဆင်နယ် – လက်စတာနဲ့ တွေ့ချိန်မှာ လိုအပ်တဲ့ အနိုင် ၃မှတ် အပြည့် ယူကို ယူရမယ့် ပွဲ ဖြစ်ပါတယ်။

ဘီဘီစီမှ ပင်တိုင် ကလောင်ရှင် သုံးသပ်သူ ခရစ်ဆက်တန်က ဘုန်းမောက် နဲ့ မန်စီးတီး တို့ ပွဲ အတွက် အခုလို သုံးသပ် ထားပါတယ်။

” မန်စီးတီးက ဖောရတ်နဲ့ လိုက်ပ်ဇစ် အဝေးကွင်း ၂ပွဲကို သရေကျခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မတူကွဲပြားတဲ့ ပုံစံကို တွေ့ရပါလိမ့်မယ်။

လိဂ်မှာ မန်စီးတီးက နောက်ထပ် ခြေချော်လို့ မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ အမှတ်ထပ်လျော့ပြီး အာဆင်နယ်က နိုင်သွားရင် အမှတ် ကွာဟချက်က ပိုတိုးလာမှာဖြစ်ပြီး အမ်းမရိတ်စ်မှာ သူတို့အနိုင်ရခဲ့တာက အလကား ဖြစ်သွားပါလိမ့်မယ်။

ဒီပွဲတော့ မန်စီးတီးအတွက် မခက်ခဲလောက်ပါဘူး။ ဘုန်းမောက်က လွန်ခဲ့တဲ့ အပတ်တွေ အတွင်း မာကျောနေခဲ့ပြီး ဒီပွဲကို ပြိုင်ဆိုင်မှု ပြင်းထန်စေမှာဖြစ်ပေမယ့် စီးတီးကပဲ အခွင့်အရေးတွေယူပြီး ပြန်လာပါလိမ့်မယ်။” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်း ရလဒ်ကတော့ ဘုန်းမောက် ၁-၄ မန်စီးတီး ဖြစ်ပါတယ်။