၂၄ ပွဲ တည်း ကစားပြီးချိန်မှာ မန်စီးတီး အသင်း သမိုင်းမှာ မရှိစဖူးတဲ့ စံချိန်သစ် တင်သွားတဲ့ ဟာလန်း

ဟာလန်း ဟာ အခုဆိုရင် မန်ချက်စတာ စီးတီး အသင်း သမိုင်းမှာ တခြား ကစားသမားအားလုံးထက် ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ဂိုးပိုသွင်းထားခဲ့ပြီ ဖြစ်ပါတယ်။

ဘုန်းမောက်ကို ၂-၀ နဲ့ ဦးဆောင်နိုင်စေခဲ့တဲ့ သူ့ရဲ့ သွင်းဂိုးဟာ သိပ်ပြီး ပြဇာတ်မဆန်ပေမယ့်လဲ သမိုင်းဝင်တဲ့ ဂိုးတော့ ဖြစ်ခဲ့ပါတယ်။

အဲ့ဒါဟာ ဒီရာသီမှာ သူ့ရဲ့ ၂၇ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ဒီပမာဏဟာ ပရီးမီးယားလိဂ် မှာ ဘယ် မန်စီးတီး ကစားကမှ မရောက်နိုင်ခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။

၂၀၁၄-၁၅ ရာသီတုန်းက ဆာဂျီယိုအဂွဲရိုးနဲ့ ၂၆ဂိုးမှတ်တမ်းဟာ စီးတီးတိုက်စစ် ကစားသမား တစ်ယောက်က သွင်းယူနိုင်ခဲ့တဲ့ အများဆုံး ဂိုးအရေအတွက် ဖြစ်ခဲ့တာပါ။

ဒီရာသီ ဟာလန်းရဲ့ ဂိုးသွင်းခြေစွမ်းဟာ မယုံနိုင်စရာ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ၂၄ပွဲတည်းနဲ့ ၂၇ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ အဂွဲရိုးကတော့ ၃၃ပွဲကစားပြီးမှ ၂၆ဂိုး စံချိန်ကိုရရှိခဲ့တာပါ။

ဟာလန်းဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိဖို့ ရည်မှန်းချက် ရှိနေမှာဖြစ်ပေမယ့် သူ့ရဲ့ အဓိက စိန်ခေါ်မှုက အသင်းကို လိဂ်ဖလား ရယူနိုင်အောင် ကူညီပေးဖို့ ဖြစ်ပါတယ်။

ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ နိုင်ပွဲတွေရယူပြီး တည်ငြိမ်တဲ့ ပုံစံကို ပြသထားတာနဲ့အတူ ပက် ဂွာဒီယိုလာရဲ့အသင်းကလဲ ထပ်တူ ဖိအားလိုက်ပေးနိူင်ဖို့လိုအပ်ပါတယ်။ ၎င်းတို့အနေနဲ့ ဂန်းနားတွေကို ကျော်တက်နိုင်ဖို့ အတွက်ဆိုရင် ဟာလန်းရဲ့ သွင်းဂိုးတွေက အရေးပါလာပါလိမ့်မယ်။