မန်စီးတီးက လူရင်းတွေချင်း ပြန်တွေ့တဲ့ FA ဖလား ကွာတားဖိုင်နယ် အဆင့် မဲခွဲရလဒ်များ ထွက်ပါပြီ

အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် မဲခွဲရလဒ်တွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ မနေ့ညက ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ဝက်စ်ဟမ်းကို နိုင်ပြီး ကွာတားတက်သွားသလို အရင် ရက်ကလည်း မန်စီးတီးက ဘရစ်စတိုး စီးတီးကို နိုင်ပြီး ကွာတားဖိုင်နယ် ရောက်ရှိထားတာပါ။

ဒါပေမယ့် မန်ချက်စတာ နှစ်သင်းဟာ ကွာတားဖိုင်နယ် အဆင့်မှာတော့ ထိပ်တိုက် မတွေ့သေးဘဲ ပြိုင်ပွဲရဲ့ နောက်ပိုင်း အဆင့်တွေ မှာ မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ တွေ့ရနိုင်ဖွယ် ရှိပါသေးတယ်။

ညက ပွဲမှာ စပါးက ရှက်ဖီးကို ရှုံးပြီး ပြိုင်ပွဲက ထွက်လိုက်ရပြီ ဖြစ်တာကြောင့် ဒီ အက်ဖ်အေ ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် အသင်းကြီးတွေထဲမှာ မန်ယူနဲ့ စီးတီးတို့သာ တင်ကျန်နေတာ ဖြစ်ပါတယ်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့် မဲခွဲရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာ စီးတီးတွေ့ရမယ့် ပြိုင်ဘက်က စိတ်ဝင်စားစရာ ဖြစ်ပြီး ဘန်လေကို ကိုင်တွယ်နေတဲ့ စီးတီး နောက်ခံလူဟောင်း ဗင်းဆင့် ကွန်ပနီဟာ အီတီဟဒ်ကွင်းကို လာရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလဲ ဖူလ်ဟမ်ကို အိမ်ကွင်းကနေ ကြိုဆိုနေမှာဖြစ်ပါတယ်။ ဘရိုက်တန်က လိဂ်တူးကလပ် ဂရင်စဘီတောင်းကို ဧည့်ခံကစားရမှာဖြစ်ပြီး ရှက်ဖီးကလဲ ဘလက်ဘန်းကို ကြိုဆိုရင်ဆိုင်ရမှာပါ။

မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးက ပြုတ်သွားပြီးသား ဖြစ်တာနဲ့အတူ ဒီရာသီမှာ အက်ဖ်အေဖလား ချန်ပီယံအသစ်ကို မြင်တွေ့ရဖို့ရှိပါတယ်။

ကွာတားဖိုင်နယ်အဆင့် ပွဲတွေကို မတ် ၁၇ ကနေ မတ် ၁၉ ရက် အတွင်း ကစားမှာ ဖြစ်ပါတယ်။