ဖိုဒန် ပြန်လာလို့ အားတက်နေတဲ့ မန်စီးတီးက နယူးကာဆယ်ကို ဘယ်နှဂိုး သွင်းမလဲ ခရစ်ဆက်တန်ရဲ့ ပွဲကြို ဟောကိန်းထုတ်မှု
မန်ချက်စတာ စီးတီးဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ရမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က မန်စီးတီးနဲ့ နယူးကာဆယ်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ဆက်တန်က ” နယူးကာဆယ် အသင်း အားကုန်သွားပြီလို့ ပြောဖို့လောက်ထိ ကျနော် မလုပ်လိုပါဘူး။ ဒါပေမယ့် သူတို့က နည်းနည်းတော့ ပင်ပန်းနေပါပြီ။

သူတို့က မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာ အတော် ကြိုးစား ကစားခဲ့ပါတယ်။ ဒါပေမယ့် အဲရစ် တန်ဟက် အသင်းက သက်တောင့်သက်သာ နိုင်သွားခဲ့တယ်။ နယူးကာဆယ် နည်းပြ အက်ဒီဟောင်း က သူ့အသင်းကို ပြင်ဆင်တာ ကျနော် အတော် သဘောကျတယ်။
အီတီဟက် ကွင်းမှာတော့ နယူးကာဆယ်ကို နည်းနည်း ခက်ခဲတဲ့ ပြိုင်ဘက် အဖြစ် တွေ့ရမှာပါ။ အထူးသဖြင့် ဂိုးရှေ့မှာ နစ်ပုပ် ပြန် ပါလာတာကြောင့်ပေါ့။ ဒါပေမယ့် မန်ချက်စတာ စီးတီးပဲ နိုင်သွားမယ် ထင်ပါတယ်။
စီးတီးကတော့ ဒီပွဲ နိုင်ကို နိုင်မှာ ဖြစ်မှာ။ အခုက ဖိအားတွေ သူတို့ အပေါ် ရောက်နေပြီ၊ ဒီကြားရက်မှာ အာဆင်နယ်က နိုင်ပွဲရသွားတယ်။ ချန်ပီယံ အသင်းက တဖြည်းဖြည်း ပုံပေါ်လာတော့မယ့် အနေအထား ရောက်ပြီ ဖြစ်လို့ သူတို့ ခြေချော်လို့ မရပါဘူး။
ဖီးဖိုဒန် ပြန်ပါလာနိုင်တာက ပက် ဂွာဒီယိုလာ အသင်း အတွက် တကယ်ကို အင်အား ဖြစ်စေမှာပါ၊ သူက သိပ်ကို ကစားတာ ကောင်းနေတယ်။
သူကလည်း ကမ္ဘာ့ဖလားတည်းက စီးတီး အတွက် သေချာ မကစားရသေးဘူး။ သူတို့သာ အာဆင်နယ်ကို လိုက်လံ ဖိအားပေးမယ် ဆိုရင် အကောင်းဆုံး အနေအထားမှာ ရှိနေဖို့ လိုပါတယ်။ ဖိုဒန် ပြန်လာတာက ဒီလို အမြင့်လယ်ဗယ်မှာ ဆက်သွားဖို့ သူတို့ သတင်းကောင်း ရလိုက်တာပါပဲ။ ” လို့ သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်က မန်စီးတီး ၃-၁ နယူးကာဆယ် ပါ။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ည ၇ နာရီ ဖြစ်ပါတယ်။
