ဂိုးတော့ မပြတ်ဘူးဆိုတဲ့ ပေါမာဆန် ရဲ့ ဒီည မန်စီးတီး vs နယူးကာဆယ် ပွဲ သုံးသပ် ခန့်မှန်းချက် ထွက်ပါပြီ
ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးဟာ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ရမှာပါ။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ည ၇ နာရီ ဖြစ်ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန် က မန်စီးတီးနဲ့ နယူးကာဆယ်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
” မန်စီးတီးရဲ့ ဖလားမျှော်လင့်ချက်တွေ အတွက် ဒီပွဲက အရေးကြီးတဲ့ ပွဲတစ်ပွဲပါ။ နယူးကာဆယ်ဟာ စီးတီးကို တန်ပြန် ခြိမ်းခြောက်နိုင်တဲ့ အရည်အသွေးမျိုး ရှိပါတယ်။ သူတို့က နောက်တန်း အရမ်းကောင်းတယ်။

ကာဆယ်က ယူနိုက်တက်နဲ့ ကာရာဘောင်းဖလား ဖိုင်နယ်မှာတောင် ၂ဂိုးပေးခဲ့ရပေမယ့် ကောင်းကောင်း ခုခံ ကာကွယ်ခဲ့တာပါ။
ယူနိုက်တက်ကို ပေးရတဲ့ ၂ဂိုးထဲက တစ်ဂိုးက တည်ကန်ဘောကနေ ရသွားတာဖြစ်ပြီး နောက်တစ်ဂိုးက Own Goal ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အခွင့်အရေးတွေကို အဆုံးသတ်ဖို့ ရုန်းကန်နေရပြီး အဲ့အပိုင်းမှာ ပိုတိုးတက်ဖို့ လိုနေတာပါ။
ပက် ဂွာဒီယိုလာဟာ သူ့ကစားသမားတွေကို ပွဲတွေအများကြီး ကစားဖို့ တွန်းအားပေးတယ် ရုတ်တရက်ဆိုသလို ကစားကွက်ကို ပြောင်းလဲလိုက်တယ်။ ဒါကြောင့် လူငယ်ကစားသမားတွေအတွက် အမြဲတမ်း ခက်ခဲနေတာပါ။
ဖိုဒန်ဟာ ဒီနှောင်းပိုင်း ကစားချိန်အများကြီး မရခဲ့ပါဘူး။ ဒါပေမယ့် ကြားရက် ဘရစ္စတိုလ်စီးတီးနဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီးနောက် ဖိုဒန်အနေနဲ့ အခွင့်အရေး ထပ်ရနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ” လို့ မာဆန်က ဆိုထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး 1-0 နယူးကာဆယ် ဖြစ်ပါတယ်။
