ကာဆယ်နဲ့ ပွဲမှာ ပရီးမီးယားလိဂ် ထူးခြား စံချိန်သစ်ရသွားတဲ့ စီးတီး ဂိုးသမား အီဒါဆန်

မနေ့က စနေနေ့ ပရီးမီးယားလိဂ် အစောပိုင်းပွဲအဖြစ် နယူးကာဆယ်နဲ့ပွဲမှာ မန်စီးတီးအသင်းဟာ (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဂိုးသမား အီဒါဆင်ကလည်း ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းဝင် စံချိန်မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပထမပိုင်း(၁၅)မိနစ်မှာ ဖိုဒန်ရဲ့ တစ်ကိုယ်တော်စွမ်းရည်နဲ့ သွင်းခဲ့တဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယဂိုးကိုတော့ (၆၇)မိနစ်မှာ ဟာလန်း ပေးတာကနေ ဘာနာဒိုဆေးလ်ဗားက ကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ မန်စီးတီးအတွက် ဟာလန်းရဲ့ ဂိုးဖန်တီးမှုက (၅)ကြိမ်ရှိလာပြီး ပြိုင်ပွဲစုံ(၃၃)ပွဲသာကစားခဲ့ရပေမယ့် သွင်းဂိုး ပါဝင် ပတ်သက်မှုက (၃၈)ဂိုး(၃၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ကြိမ်)အထိ ရှိလာပါပြီ။
အခုပွဲအနိုင်ရခဲ့တာကြောင့် မန်စီးတီးတို့ အာဆင်နယ်-ဘုန်းမောက်ပွဲမတိုင်ခင် အာဆင်နယ်ထက် (၁)ပွဲပို၊ (၂)မှတ်သာ ကွာဟတော့ပါတယ်။
အီဒါဆင်ဟာ ပွဲချိန်အတွင်းမှာ နယူးကာဆယ်အသင်းရဲ့ ဂိုးသွင်းခွင့်တချို့ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး အသင်း အတွက် Clean Sheet နိုင်ပွဲရယူပေးခဲ့သလို ဒါက သူ့ရဲ့မန်စီးတီးကစားသမားဘ၀ ပရီးမီးယားလိဂ် Clean Sheet ပွဲ(၁၀၀)ပြည့်လည်းဖြစ်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ဘင်ဖီကာအသင်းကနေ ပေါင်(၃၅)သန်းနဲ့ အာဆင်နယ်ကို ရောက်ရှိခဲ့သူ အီဒါဆင်ဟာ ပရီးမီးယားလိဂ်ပွဲပေါင်း (၂၀၈)ပွဲကစားအပြီးမှာ Clean Sheets ပွဲ(၁၀၀)ပြည့် မှတ်တမ်းပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အဲဒီ Clean Sheets အရေအတွက်ကို ပွဲအနည်းဆုံးနဲ့ ရယူနိုင်တဲ့ တတိယမြောက် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အီဒါဆင်မတိုင်ခင်က ပရီးမီးယားလိဂ် နာမည်ကျော်ဂိုးသမားဟောင်းတွေဖြစ်တဲ့ ပီတာချက် (၁၈၀ပွဲ)၊ ရေနာ (၁၉၈ပွဲ)တို့ဟာ ပွဲအရေအတွက်အနည်းဆုံးနဲ့ Clean Sheets ပွဲ(၁၀၀)ပြည့်မှတ်တမ်း ပိုင်ဆိုင်ခဲ့ကြပါတယ်။
ဒါ့အပြင် အီဒါဆင်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် Clean Sheets ပွဲ(၁၀၀)ပြည့်ရအောင် စွမ်းဆောင်ခဲ့တဲ့ ပထမဆုံးတောင်အမေရိကဂိုးသမားအဖြစ် စံချိန်တင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ အဲဒီမှတ်တမ်းပိုင်ဆိုင်နိုင်တဲ့ (၁၇)ဦးမြောက် ဂိုးသမားလည်းဖြစ်ပါတယ်။
အီဒါဆင်ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝမှာ (၂၀၈)ပွဲကစား၊ ပေးဂိုးမရှိ ပွဲ(၁၀၀)အထိ စွမ်းဆောင်ခဲ့တာကြောင့် Clean Sheet ရာခိုင်နှုန်းအဖြစ် (၄၈%)အထိ ရယူနိုင်ခဲ့ပါတယ်။