အသင်းဖော်ကို ထိလို့ ဖိုက်တာလို ပြေးလာခဲ့တဲ့ ဟာလန်းကို အံ့သြဖွယ်တွေ့ခဲ့ရလို့ ပရိသတ်တွေ ကျေနပ်နေ

မနေ့ညက အီတီဟတ်က နယူးကာဆယ်နဲ့ပွဲဟာ ဒီရာသီမှာ ဟာလန်း ဂိုးမသွင်းနိုင်ခဲ့တဲ့ ပွဲ အနည်းငယ်ထဲက တစ်ပွဲဖြစ်လာပါတယ်။ ဒါပေမဲ့လည်း အဲဒီပွဲမှာ ဟာလန်းအတွက် အကောင်းဆုံး အခိုက်အတန့်ကတော့ ကိုယ့်အသင်းေ ဖာ်အတွက် ဖိုက်တာလုပ်ပေးခဲ့တာပါပဲ။

နယူးကာဆယ်နောက်တန်းက ထောင်ထောင်မောင်းမောင်းဖြစ်သူ ဒန်ဘန်းဟာ မန်စီးတီး တောင်ပံကစားသမား ဂရေးလစ်ရှ်ကို လူချလိုက်တာက စတာဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး နှစ်ဖက်ကစားသမားတွေ ရုန်းရန်ဆန်ခတ်ဖြစ်ဖို့ တာဆူနေတဲ့အချိန် ဟာလန်းက ရုတ်တရတ်ကြီး ပြေးချလာပြီး ဒန်ဘန်းကို စောင့်တွန်းလိုက်တာပါ။

အဲဒီအချိန် ဟာလန်းရဲ့မျက်နှာက ဒေါသအမျက်ချောင်းချောင်းထွက်နေပုံပါပဲ။ ဒန်ဘန်းက သူ့အင်္ကျီကို ပြန်ဆွဲ ထားချိန်မှာလည်း ဟာလန်းဟာ မရပ်သေးဘဲ ဆက်တိုက် တွန်းထိုးခဲ့တာ ဖြစ်ပါတယ်။ သူ့လူကို ထိရမလားဆိုတဲ့ ဟာလန်းရဲ့ဒေါသကြောင့် အခြေအနေပိုဆိုးသွားပြီး အတော်လေးကို လူစုခွဲယူခဲ့ရတာပါ။

အဲဒီအဖြစ်အပျက်အတွက်လည်း ဟာလန်းဟာ အဝါကတ်ပြခံလိုက်ရပါတယ်။ ဟာလန်းတစ်ယောက် ဒေါသတကြီးနဲ့ ဖိုက်တာလုပ်ခဲ့တာက ပရိသတ်တွေအတွက်တော့ အထူးအဆန်းလို ဖြစ်နေတာပါ။

နော်ဝေသားရဲ့အဲဒီလိုပုံစံမျိုးကို အရင်က တစ်ခါမှ မတွေ့ခဲ့ကြရလို့လည်း ဖြစ်ပါတယ်။ ဟာလန်းဟာ အသင်းသစ် စီးတီးမှာ တစ်သားတည်း ဖြစ်လာပုံကိုလည်း ပရိသတ်တွေ မြင်တွေ့ ခံစားခဲ့ရတာ ဖြစ်ပါတယ်။