ဒီအပတ် ပဲလေ့စ် – မန်စီးတီး ပွဲ အတွက် ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ထွက်ပါပြီ
မန်ချက်စတာ စီးတီးအသင်းဟာ ဒီတပတ် မှာ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲ ကစားရမှာ ဖြစ်ပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ည ၁၂ နာရီ တိတိ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ခရစ္စတယ် ပဲလေ့စ်နဲ့ မန်စီးတီး အသင်းတို့ ပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

” ကာလရှည် အနိုင်မရတဲ့ ရလဒ်တွေ ပိုင်ဆိုင်နေတယ် ဆိုပေမယ့်လို့ ပဲလေစ့်က တန်းဆင်းဇုန် တိုက်ပွဲအတွင်း ဆွဲသွင်းခံရမယ်လို့ မထင်ပါဘူး။
နယူးကာဆယ်ပွဲမှာ မန်စီးတီးတို့ နည်းနည်းလေး ချွတ်ချော်ပေမယ့် အနိုင်ရအောင် လုပ်နိုင်ခဲ့ဆဲဖြစ်ပါတယ်။ အခုချိန်မှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို ဆက်ထိန်းပြီး အာဆင်နယ်ကို ခြိမ်းခြောက်နိုင်အောင် ကြိုးစားဖို့ပဲ လိုပါတယ်။
စီးတီးရဲ့ အကြီးမားဆုံး ကိစ္စက ကြားရက်မှာ လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားဖို့ ရှိနေပါတယ်။ အဲ့ပွဲကြောင့်ပဲ ဂွာဒီယိုလာက သူ့ရဲ့ လူစာရင်းနဲ့ အလုပ်ရှုပ်နေပါလိမ့်မယ်။
မန်စီးတီးအတွက် ဖိုဒန်က အထင်ကြီးလောက်စရာ ပုံစံကောင်းတွေ ပြန်ပြီး ပြသနေပါတယ်။ အချိန်မှန်မှာ သူက စီးတီးအတွက် ပြန်လာတာပါ။
ဖိုဒန်ရဲ့ ကစားအားက ဒီပွဲမှာ မန်စီးတီးကို ခြားနားအောင် လုပ်ပေးမယ်လို့ မှန်းဆရပါတယ်။ သူကစားခွင့်ရမယ် ဆိုရင်ပေါ့လေ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ခရစ္စတယ် ပဲလေစ့် ၁-၂ မန်စီးတီး ဖြစ်ပါတယ်။

ZG – မန္ခ်က္စတာ စီးတီးအသင္းဟာ ဒီတပတ္ မွာ ခရစၥတယ္ ပဲေလ့စ္ အသင္းနဲ႕ ပရီးမီးယားလိဂ္ ပြဲ ကစားရမွာ ျဖစ္ျပီး အေဝးကြင္း သြားေရာက္ ရင္ဆုိင္ရမွာပါ။ ဒီနွစ္သင္းဟာ မနက္ျဖန္ စေနေန႔ည ၁၂ နာရီ တိတိ အခ်ိန္မွာ ယွဥ္ျပိဳင္ၾကမွာပါ။
ခရစၥတယ္ ပဲေလ့စ္နဲ႕ မန္စီးတီး အသင္းတို႔ ပြဲစဥ္ အတြက္ ဘီဘီစီ သတင္းဌာနမွ ခရစ္ဆက္တန္ရဲ႕ သံုးသပ္ ခန္႔မွန္းခ်က္က ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။
” ကာလရွည္ အႏိုင္မရတဲ့ ရလဒ္ေတြ ပိုင္ဆိုင္ေနတယ္ ဆိုေပမယ့္လို႔ ပဲေလစ့္က တန္းဆင္းဇုန္ တိုက္ပြဲအတြင္း ဆြဲသြင္းခံရမယ္လို႔ မထင္ပါဘူး။
နယူးကာဆယ္ပြဲမွာ မန္စီးတီးတို႔ နည္းနည္းေလး ခြၽတ္ေခ်ာ္ေပမယ့္ အႏိုင္ရေအာင္ လုပ္ႏိုင္ခဲ့ဆဲျဖစ္ပါတယ္။ အခုခ်ိန္မွာ သူတို႔ရဲ႕ စြမ္းေဆာင္ရည္ကို ဆက္ထိန္းၿပီး အာဆင္နယ္ကို ၿခိမ္းေျခာက္ႏိုင္ေအာင္ ႀကိဳးစားဖို႔ပဲ လိုပါတယ္။
စီးတီးရဲ႕ အႀကီးမားဆုံး ကိစၥက ၾကားရက္မွာ လိုက္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲ ကစားဖို႔ ရွိေနပါတယ္။ အဲ့ပြဲေၾကာင့္ပဲ ဂြာဒီယိုလာက သူ႔ရဲ႕ လူစာရင္းနဲ႔ အလုပ္ရႈပ္ေနပါလိမ့္မယ္။
မန္စီးတီးအတြက္ ဖိုဒန္က အထင္ႀကီးေလာက္စရာ ပုံစံေကာင္းေတြ ျပန္ၿပီး ျပသေနပါတယ္။ အခ်ိန္မွန္မွာ သူက စီးတီးအတြက္ ျပန္လာတာပါ။
ဖိုဒန္ရဲ႕ ကစားအားက ဒီပြဲမွာ မန္စီးတီးကို ျခားနားေအာင္ လုပ္ေပးမယ္လို႔ မွန္းဆရပါတယ္။ သူ ကစားခြင့္ရမယ္ ဆိုရင္ေပါ့ေလ။ ” လို႔ ဆက္တန္က သံုးသပ္ထားပါတယ္။
ခရစ္ဆက္တန္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ခရစၥတယ္ ပဲေလစ့္ ၁-၂ မန္စီးတီး ျဖစ္ပါတယ္။
